Part 2

6.6K 614 24
                                    

Part 2

"ကိုကို..ညီထမင်းကျွေးနေတာလေ
ပါးစပ်ဟပါအုန်း "

Xiao Zhan ခေါင်းရမ်းသည်

"အရုပ်လေး..ကိုကိုရဲ့ပြေးလွှားတက်တဲ့အရုပ်လေး မလာသေးဘူး..မလာသေးဘူး "

"ကိုကိုကတစ်နေ့ကုန်အရုပ်လေးကိုပဲမျှော်နေတာ ဘယ်လိုလုပ်မလဲ ကိုကြီး "

"ဒီကလေးတွေ ငါတို့ကိုလိမ်သွားပြီလား "

"သူ့ကအခုမှ ၁၅နှစ်သို့မဟုတ်၁၆နှစ်ပဲရှီသေးတယ် ပြီးတော့ရုပ်ရှင်မင်းသားရဲ့တစ်ဦးတည်းသောသား သရုပ်ဆောင်မင်းသားရဲ့သားပီပီ သရုပ်ဆောင်သွားတာပဲနေမှာ "

"အဲ့တော့လည်း အဲ့ကောင်လေးကိုထပ်ဖမ်းတာပေါ့ ဒီတစ်ခါဖမ်းမိရင် အလွှတ်မပေးဘူး "

"အရုပ်လေး..အရုပ်လေး "

အရုပ်လေးပြောသွားတဲ့စကားကို ယုံကြည်စွာစောင့်နေတဲ့ ကိုကို့ကို ဖန်ရှင်းသနားမိသည် တစ်နေ့ကုန်ဘာမှမစားပဲ စောင့်နေတဲ့ကိုကို့ကို ဘယ်လိုလုပ်ရပါ့မလဲ

" အရုပ်လေး..အရုပ်လေး "

ခြံထဲဝင်လာတဲ့ Yiboကိုမြင်ပြီး Xiao Zhan ပြေးပွေ့လိုက်သည်

"အာ..ဦး..မလေးဘူးလား "

သူ့ကိုမြှောက်တက်သွားအောင် ပွေ့ချီလိုက်တဲ့
ဦးကြောင့် Yibo ပြောနေရင်း

"အား! "

" ကိုကို! "

နှစ်ယောက်သား မြက်ခင်းပြင်ပေါ်လဲကျသွားသည်

"ကိုကိုဘာဖြစ်သွားသေးလဲ "

ရှင်လေးကိုကို့ကိုထူပြီး မေးလိုက်သည်

"အရုပ်လေး..အရုပ်လေးထိသွားပြီ "

Yiboလက်တံတောင်းစစ်ပြဲသွားသည် Yu Bin ကောင်လေးလက်ကိုကိုင်ရင်း သက်ပြင်းချကာ

"မင်းကအစားမှမစားတာ ကလေးကိုဘယ်နိုင်တော့မလဲ "

"ကလေးလေး နာသွားပြီ "

Xiao Zhan Yiboတံဒေါင်းစစ်ကအနာကို မှုတ်ပေးရင်း မျက်ရည်ကျလာသည်

"ကျွန်တော့်ဘာမှမဖြစ်ပါဘူးဦး "

"အရုပ်လေးကို အမြဲတမ်းငါပွေ့ချီခဲ့တာ အခုဘာလို့မနိုင်ပါလိမ့် "

ကျွန်တော်ချစ်တဲ့သူHikayelerin yaşadığı yer. Şimdi keşfedin