Part 9

4.7K 462 14
                                    

Part 9

Xiao Zhan မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရတာက သူဗိုက်ပေါ်မှာထိုင်နေတဲ့ အရုပ်လေး

" Yibo! "

Xiao Zhan အံသြကာထထိုင်လိုက်တော့ အရုပ်ကလေးချောကျသွားသည်  သူအရုပ်လေးကိုပွေ့ဖတ်ဖို့လုပ်တော့ အရုပ်လေး ရှောင်လိုက်ပြီး

" မင်္ဂလာပါ ပါပါး "

" ပါပါးဟုတ်လား "

"ပါပါးလို့ခေါ်တာမကြိုက်ဘူးလား ဖိုးဖိုးကပြောတယ် ကျွန်တော့်ကိုဒီအိမ်က မွေးစားမှာတဲ့  "

"ဖိုးဖိုးဟုတ်လား "

"ဟုတ်ကဲ့ "

" သူတော်စင်ဟွမ်ကိုပြောတာလား "

အရုပ်လေး ခေါင်းညိတ်သည်

" ကျွန်တော့်ကို Yiboလို့ခေါ်လို့ရပါတယ် ကျွန်တော့်က Yibo ဝိညာဥ်နဲ့ အသက်ဆက်ခွင့်ရတာပါ တစ်ခုပဲ..."

" ဘာတစ်ခုလဲ "

" ဖိုးဖိုးကပြောတယ် ကျွန်တော့်အသက်ကြီးလာလည်း ခန္ဓာကိုယ့်ကပြောင်းလဲလာမှာမဟုတ်ဘူးတဲ့ ထူးဆန်းတဲ့လူပုလေးဆိုပြီး ပစ်မသွားပါနဲ့နော် "

Xiao Zhan အရုပ်လေးကိုပွေ့ဖတ်လိုက်သည်

" ဦးဆီပြန်လာတဲ့ Yiboကို ဦးပစ်မသွားပါဘူး
Yiboသာဦးကိုဘယ်တော့မှပစ်မသွားပါနဲ့ "

"ဟုတ်ကဲ့ ပါပါး "

Xiao Zhan ကလေးလေးကိုနမ်းရှုံလိုက်သည် ၂နှစ်ကလေးခန္ဓာကိုယ်နဲ့ အရမ်းချစ်စရာကောင်းတဲ့ Yiboကို သူ ချစ်မဝဖြစ်နေမိသည်

"ကိုကိုနိုးလာပြီပဲ"

ဖန်ရှင်းနဲ့ Yu Bin ဝင်လာတာတောင် Xiao Zhan သူတို့ကို ဂရုမစိုက်ပဲ ကလေးကိုပဲဖတ်ထားမိသည်

" ကိုကို ကောင်လေးမွန်းကျပ်နေအုန်းမယ် အတင်းမဖတ်ထားနဲ့လေ "

ရှင်းလေးပြောမှ Xiao Zhanဖတ်ထားရာကနေ ဖယ်ပြီး

" နာသွားလား အရုပ်လေး "

" မနာဘူးပါပါး "

" ပါပါးဟုတ်လား "

Yu Binရယ်နေသည်

" မရယ်နဲ့ ကလေးအတွက်အခန်းလုပ်ပေးထားပြီးပြီလား "

" Yiboကမင်းနဲ့လက်ထပ်ထားတာလေ အတူတူတစ်ခန်းထဲမနေဘူးလား "

ကျွန်တော်ချစ်တဲ့သူWhere stories live. Discover now