Part 6

4.8K 477 21
                                    

Part 6

"ပါပါး..မာမား "

Yibo နိုးနိုးချင်း သူ့ကိုကြည့်နေတဲ့ မိဘတွေကိုမြင်ပြီး ထထိုင်ကာ တန်းဖတ်ထားလိုက်သည်

"သားအရုပ်! "

အရုပ်လေးကိုဖိမိသွားလို့ ဖတ်ထားရာကနေ ချက်ခြင်းခွာလိုက်သည်

" ဒီအရုပ်လေးလား "

"ဟုတ်ကဲ့ ပါပါး "

ယွမ်ယွမ် သားလေးဆီက အရုပ်ကိုကိုင်ကြည့်ပြီး

"တူလိုက်တာ အသက်ဝင်နေသလိုပဲ "

"ဟုတ်တယ်နော် မာမားအရမ်းတူတယ် "

ဝမ်မင်ဟုန်နဲ့ ယွမ်ယွမ်တို့ အရုပ်ကိုကြည့်ရင် ကြက်သီးထလာမိသည်

" ပါပါးရိုက်ကွင်းမသွားဘူးလား "

"ပါပါးစိတ်တွေလေးနေလို့ ပူတူးကိုလာကြည့်တာ ထင်တဲ့အတိုင်း ပူတူးကနေမကောင်းဘူးလေ အဲ့ဒါကြောင့် သားလေးနိုးလာတဲ့အထိစောင့်နေတာ "

" ပါပါးကလည်းကျွန်တော့်နေမကောင်းတာ အဆန်းမှမ ဟုတ်တာ ရိုက်ကွင်းတော့သွားရမှာပေါ့ ကျွန်တော့်နေမကောင်းဖြစ်တိုင်း ပါပါးရိုက်ကွင်းမသွားရင် ပါပါးမင်းသားတောင်ဖြစ်လာမှာမဟုတ်ဘူး "

ငယ်ငယ်တုန်းကသားကိုဂရုမစိုက်ပဲ အောင်မြင်မှုနောက် လိုက်နေလို့ သားက ကျွန်တော့်ကိုခနဲ့လိုက်တာပဲ

"ပူတူး..ပါပါးတောင်းပန်ပါတယ် "

သားလေးကိုဖတ်ပြီး မင်ဟုန်မျက်ရည်ကျလာကာ တောင်းပန်စကားစိတ်ထဲမှာအကြိမ်ကြိမ်ဆိုမိသည်

"အစ်ကိုတို့ ထမင်းစားပြီးမှပြန်ရမယ်နော် "

Xiao Zhan ဝင်လာပြီးပြောလိုက်သည်

"ရပါတယ် အစ်ကိုကျန့် ကျွန်တော့်တို့သားလေးနားမှာနေနေတာကြာပြီ ပြန်တော့မယ် "

ဝမ်မင်ဟုန်နဲ့ယွမ်ယွမ် သားလေးကိုနမ်းခဲ့ပြီး သားလေးအနားက ထွက်လာခဲ့လိုက်သည်

" ဟို အစ်ကို "

အိမ်အောက်ရောက်တော့ ယွမ်ယွမ်ကစကားစလိုက်သည်

" ပြောပါ အစ်မယွမ့် "

"ပြောသင့်လား မပြောသင့်လား ကျွန်မမသိပေမဲ့
သားလေးနဲ့အရုပ်ကိုတွဲမြင်ရတာ စိတ်ထဲလေးလံနေတယ် "

ကျွန်တော်ချစ်တဲ့သူحيث تعيش القصص. اكتشف الآن