Part 4

5.2K 531 31
                                    

Part 4

"အရုပ်လေးမလာတာ တစ်ပတ်ရှီပြီ "

Xiao Zhan အရုပ်လေးမလာတာကြောင့်
ဆိုင်မှာမှိုင်နေမိသည် 

"သူ့အိမ်ကိုသွားတွေ့ကျမလား ကိုကို "

" အင်း..ရှင်းလေး ကိုကိုတို့သွားရအောင် "

Xiao Zhan ဆိုင်သိမ်းပြီး Wang Yiboအိမ်ကိုလာခဲ့တော့ အပေါ်ထပ်ကဆင်းလာတဲ့ ဝမ်မင်ဟုန်ကိုတွေ့ရသည်

" မင်းသားဝမ်မင်ဟုန်က အပြင်မှာပိုချောတာပဲ "

ဖန်ရှင်းက နှုတ်ဆက်လိုက်သည်

"သားလေးဆီလာတာလား Mr.Xiao Zhan "

Xiao Zhanခေါင်းညိတ်လိုက်သည် တည်ငြိမ်တဲ့ Xiao Zhanသွင်ပြင်ကြောင့် ဝမ်မင်ဟုန် သားလေးဆီလိုက်ပို့ဖို့ ဆုံးဖြတ်လိုက်သည်

"ကျွန်တော့်နောက်လိုက်ခဲ့ပါ "

မင်ဟုန်အပေါ်ထပ်က သားလေးအခန်းရှေ့ရောက်တော့ တံခါးဖွင့်ပေးလိုက်သည်

" အရုပ်လေး "

"ကောင်လေး! "

ဖြူဖတ်ဖြူရော်နဲ့ အိပ်နေတဲ့ကလေးလေးကိုကြည့်ပြီး Xiao Zhan မျက်ရည်ကျလာသည် ရှင်လေးကလေးကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိသည် 

"ကလေးက ဘာဖြစ်တာလဲ "

ဖန်ရှင်းမေးလိုက်သည်

" ပူတူးလေးမှာသွေးအားနည်းတဲ့ရောဂါရှီတယ် "

" ဗျာ! "

" အရင်တုန်းကတော့ခြောက်လတစ်ကြိမ်လောက် သွေးသွင်းရတယ် အခုတော့ သားလေးက
နှစ်လတစ်ကြိမ် သွေးသွင်းနေရပြီ "

" အဲ့ဒါကြောင့် ကောင်လေးမျက်နှာက
အမြဲတမ်းဖြူဖတ်နေတာကိုး "

ဖန်ရှင်း​ပြောပြီး သက်ပြင်းချနေမိသည်

"ဟုတ်တယ် အဲ့ဒါကြောင့် ကျွန်တော့်တို့လင်မယားက
ပူတူးလေးလုပ်ချင်တာတွေပေးလုပ်တယ်
ပူတူးလေးကို စိတ်ချမ်းသာအောင် အမြဲထားတယ် ပူတူးလေးပြောပြလို့ Mr.Xiao Zhan အကြောင်းကိုလည်း
သိခဲ့ရတယ် ပူတူးကတောင်ပြောနေသေးတယ် သူသေရင် သူ့ဝိညာဉ်က အဲ့ဒီအရုပ်ထဲမှာ ရှီနေစေချင်တယ်တဲ့ "

ကျွန်တော်ချစ်တဲ့သူDonde viven las historias. Descúbrelo ahora