Part 4

1.2K 143 5
                                    

Unicode

ညနေရုံးဆင်းချိန်ရောက်ပြီမို့ Yoongi တစ်ယောက် အလုပ်ဆင်းဖို့ ပြင်ဆင်နေခိုက်

“တင်”

ရုတ်တရက်လူခေါ်ဘဲလ်က မြည်လာတာကြောင့် ဉက္ကဌကြီးအခန်းထဲကို ဝင်လာခဲ့လိုက်သည်။

“ကျွန်တော်ရောက်ပါပြီ ဉက္ကဌကြီး”

“အေး Yoongi ရေ ဒီ File လေး Manager Lee ကိုပေးလိုက်ပါကွာ”

"ဟုတ်ကဲ့ ဉက္ကဌကြီး"

ဥက္ကဌကြီးပေးတဲ့ File တစ်တွဲကိုယူလိုက်ပြီး အသင့်အနေထားထပ်စောင့်နေလိုက်သည်။အတန်ကြာတဲ့အထိ ဘာမှထပ်မ‌ပြောလာပဲ သူ့ကိုသာစိုက်ကြည့်နေတာကြောင့် ဉက္ကဌကြီးကို သူခေါ်လိုက်သည်။

"ဉက္ကဌကြီး"

"A Pa"

"ဗျာ"

"A Pa လို့ခေါ်ဖို့ မှာထားတယ်လေ"

"ကုမ္ပဏီမှာကျတော့ နည်းနည်း"

"အလုပ်ချိန်ပြီးသွားပြီပဲ မင်းကလည်း ခေါင်းမာတဲ့ကလေးပဲ အိမ်က အငယ်ကောင်လိုပဲ ဒါပေမဲ့ ‌ဟိုတစ်ကောင်လောက်တော့ ပြောရမခတ်ပါဘူး"

"ကဲ ကဲ yoongi ရေ မင်းလည်း အရွယ်ရောက်မှ အိမ်ကိုတောင်တစ်ချက်လေးမှ မရောက်ဖြစ်သေးဘူး ဒီအပတ်ပိတ်ရက်ကို အိမ်မှာ ထမင်းလာစားဦး ငါတို့မိသားစုတွေ စုံစုံညီညီ ထမင်းလေးစားချင်တယ် တိုင်ပင်စရာလည်းရှိတယ် ကြားလား"

"ဟုတ်ကဲ့ပါ A Pa"

Yoongi ရဲ့ A Pa ခေါ်သံကြောင့် Mr.Kim မျက်နှာမှာ အပြုံးရိပ်တို့ထင်ဟပ်သွားသည်။

Yoongi အနေနဲ့ကလည်း မခေါ်ချင်လို့တော့မဟုတ်ပါဘူး Company ကလူတွေ အမြင်မစောင်းစေဖို့နဲ့ အနေခတ်မှာ ဆိုးတာ‌တွေကြောင့်ပါ သူသိတာပေါ့ A Pa က သူ့ကို မွေးစားသားဆိုပေမဲ့ သူ့သားအရင်းတွေလိုပဲချစ်တယ်ဆိုတာကို Company မှာ လည်း သူသာ ဥက္ကဌကြီးလို့ခေါ်ပေမဲ့ A Pa ကတော့ Yoongi လို့သာခေါ်သည်။အခြားသူတွေကိုသာ Manager Lee တို့ Designer Soo တို့ ခေါ်ပေမဲ့ သူ့ကို Yoongi လို့သာ အမြဲခေါ်သည်။ နာမည်လေးခေါ်တာ မထူးဆန်းဘူး ဆိုပေမဲ့ အလုပ်ခွင်မှာသူတို့လို ရာထူးရှိတဲ့လူတွေကို နာမည်ရှေ့မှာ ရာထူးထည့်ခေါ်တာ သူတို့ Company ရဲ့ စည်းမျည်းတစ်ခုလို အားလုံးက အသားကျနေတဲ့ အသုံးအနှုန်းတစ်ခုပါပဲ။A Pa ကတော့ချွင်းချက်ပေါ့။

Step By StepWhere stories live. Discover now