Unicode
အချိန်အခါမဟုတ်ဘဲ အုံ့ဆိုင်းပြီး ရွာမယောင်ဟန်ဆင်နေတဲ့ မိုးတိမ်တို့နဲ့အတူ နေ့သစ်တစ်ခုက အစပြုလာ ပါတယ်။
ဟာ ဒီနေ့တော့မိုးရွာမလားဘဲ မြန်မြန်သွားမှ မိုးရွာရင်သွားရလာရခတ်တယ် …..
Yoongi တစ်ယောက် စိတ်လှုပ်ရှားစွာနဲ့ အစောကြီးနိုးထလာရာမှ အပြင်က ရာသီဉတုအခြေနေကိုကြည့်ကာ အလုပ်သွားဖို့ကို စိတ်စောစွာ ပြင်ဆင်နေလိုက်သည်။ ဒီနေ့ Tae လာကြိုတာကိုမစောင့်ဘဲ ရုံးကို စောစောသွားမည်။ ပြီးခဲ့တဲ့နေ့တွေက Tae တစ်ယောက် Meeting တွေဆက်ကာ အလုပ်တွေတအားများသည်။ ဒါကြောင့်ဒီမနက်စောစောကို Designer Soo တို့နဲ့ ဆိပ်ကမ်းကပ်မဲ့ အထည်လိပ်တွေ သွားစစ်ဖို့ကိစ္စကို Tae ကို မပြောဘဲထားလိုက်သည်။ သူက အတွင်းရေးမှူးဆိုပေမဲ့ Design ပိုင်းမှာ ဆုံးဖြတ်ပိုင်ခွင့်ပေးထားတာ A Pa နဲ့အလုပ်လုပ်တည်းက ဒါပေမဲ့အခုက Tae က သူပင်ပန်းမှာစိုးလို့ဆိုတဲ့ ခေါင်းစဉ်နဲ့သူ့အလုပ် တော်တော်များများကို ဝင်လုပ်တတ်သည်။ ဒါကြောင့် ဒီကိစ္စကိုတော့ Tae ကိုပေးမသိတော့။ Jimin ကို လည်းမနေ့ညက မအိပ်ခင် အဲ့ကိစ္စကို အကျိုးအကြောင်းပြောခိုင်းထားခဲ့ပြီးပြီ။
ရုံးရောက်ရင် Tae စားပွဲမှာ ညက ပြင်ဆင်ထားတဲ့ Tae အပေါ်ထားတဲ့သူ့ခံစားချက်တွေရေးထားတဲ့ စာအုပ်လေးသွားထားပြီး Taeကို အံ့ဩသွားအောင် လုပ်မည်။ပြန်လာရင် Tae ကို လူချင်းတွေ့ဝန်ခံမည်။ တွေးထားတဲ့ ပျော်ရွှင်မှုတွေက ထပ်တူကျမကျ မသိရသေးပေမဲ့ သူယုံကြည်ပါတယ် Tae ရဲ့ အချစ်တွေက သူ့ထင်ထားတာထပ် ပိုပျော်စေမယ် ဆိုတာ။ အားလုံးအဆင်သင့်ဖြစ်လို့ အချိန်ကိုကြည့်လိုက်တော့ မနက် ၆နာရီ ၁၅မိနစ်……
အစောကြီးရှိသေးတာပဲ ဘာပဲဖြစ်ဖြစ်စောရောက်တော့လည်း Tae အတွက် Coffee လေးဘာလေး ဖျော်ထားပေးခဲ့လို့ ရတာပေါ့။ အတွေးတို့နဲ့ပျော်ရွှင်တတ်ကြွစွာ သူ့ရဲ့ ခံစားချက်စာအုပ်လေးကို သေချာအိပ်ထဲထည့်ပြီး မနက်စာတောင်ပြင်မစားတော့ဘဲ အခန်းတံခါးကို ဖြည်းဖြည်းပြန်ပိတ်ကာ အိမ်ထဲက ထွက်လာခဲ့လိုက်သည်။ Jimin ကတော့ အိပ်နေတုန်းပါပဲ။