(Unicode)
Ring Ring Ring…..
“အေးပြော Jungkook”
“အေး ဒီည ငါတို့ တွေ့နေကျ ကလပ်ကိုလာခဲ့ကွာ ငါတိုင်ပင်စရာရှိလို့”
“အေး ည၁၀နာရီလောက် ဆုံမယ် ဟျောင်”
“အေး”
Tae တစ်ယောက် Jungkook နဲ့ ချိန်းပြီး လုပ်လက်စ Store စာရင်းတွေ ဆက်ရိုက်နေလိုက်သည်။ အချိန်က မနက် ၆နာရီအတိ။ အခုတစ်လော Taehyung ရဲ့တစ်နေ့တာက မိုးလင်းမိုးချုပ်အလုပ်နဲ့သာ ကုန်ဆုံးနေရသည်။ Kim လုပ်ငန်းစု တစ်ခုလုံးရဲ့အကြောင်းကို တစ်လ တည်းနဲ့လေ့လာရတယ်ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပေ။ မနတ်မိုးလင်းတာနဲ့ အစောကြီး Company ကိုရောက်အောင်သွားပြီး လုပ်စရာရှိတာတွေလုပ်ရတယ်။ ညနေကျလည်း အလုပ်တွေပုံပိနေလို့ အမြဲတမ်းညနက်မှပြန်ရတယ်။ သူ့တို့ ဌာနရဲ့ Manager ဆိုတာလည်း လူကို နားမနေရအောင် တစ်ခုပြီးတစ်ခု ထောင့်စိအောင်ခိုင်းနိုင်သည်။ ဒါပေမဲ့လည်း အဲ့လိုလုပ်ပေးရလို့ ဒီလုပ်ငန်းစုအကြောင်းကို တော်တော်လေး နားလည်လာတာကို ဝန်ခံပါသည်။
“အဟွန်း ကိုယ်အခုလိုအပင်ပန်းခံနေတာ အားလုံးက မင်းကြောင့်ပဲနော် ကြောင်ပေါက်လေး”
Tae တစ်ယောက် သူ့ဖုန်းမှာ Wallpaper တင်ထားတဲ့ Yoongi ပုံလေးက နှုတ်ခမ်းနေရာလေးကို လက်နဲ့ဖွဖွထိလိုက်ကာ တစ်ချက်ရယ်ရင်း ပြောလိုက်သည်။ Yoongi ဆိုတာ သူ့အတွက် ဓါတ်ပုံလေးကြည့်တာနဲ့ ပင်ပန်းတာ မှန်သမျှ ပျောက်ကင်းသွားစေတဲ့ နတ်ဆေးတစ်ပါးပါ။ ထိုကြောင်ပေါက်လေး ကို ချစ်မိသွားတာသေချာတဲ့ အချိန်က စပြီးသူ့အတွက်ကိုယ် ဖြစ်သွားခဲ့သည်။ သူ့အတွက်နဲ့ ရူးကြောင်ကြောင်တွေ စဉ်းစားပြီး လုပ်ခဲ့ဖူးသည်။ အခုတော့ အဲ့ကြောင်လေးရဲ့ အချစ်ကို ရဖို့အတွက် အကွက်ကျကျစီစဉ်ပြီး သူနဲ့ အနီးဆုံးနေရာကိုရောက်အောင် အပြင်းအထန် ကြိုးပမ်းနေရသည်။
“ချစ်တယ် Yoongi”
.
.
.
“ဘာချစ်တာလဲ စောက်ပိုတွေ လာမပြောနဲ့”“Hyung ကလည်း ကျွန်တော်က တကယ်ပြောတာကို ကျွန်တော့်မှာချစ်စရာဆိုလို့ ဟောဒီက Hyung ပိစိလေး တစ်ယောက်ပဲရှိတယ် Hyung ပူတူတူတူး ပိစိပေါက်စလေးကိုချစ်တယ်”