(Unicode)
[I want to you to be your light baby… You should be your light… Do nun a pu ji an ge… Ni ga u sul su it ge….
I want to you to be your light baby… You could be your light… I bam i no ye ge… Sol jik hal su it ge…]x10“ဂါး!!! ဘယ်သူလဲကွာမနတ်စောစောစီးစီးကို”
Jimin တစ်ယောက် အဝတ်တစ်ချို့နဲ့ ပြန့်ကြဲနေတဲ့ကုတင်ပေါ်က စောင်ပုံထဲကနေ ဒေါသတကြီးနဲ့ ထလာကာ မကိုင်မချင်းအဆက်မပြတ်မြည်နေတဲ့ဖုန်းကို ကောက်ကိုင်လိုက်တယ်။
“Hello ! ”
“Park Ji Minnnnnnnnnn!!!!!”
“အမလေးဗျာ…. နားကွဲပါပြီ Rock သီချင်းသွားပြိုင်မို့လား Hyungရယ်”
Jimin တစ်ယောက် အူသွားတဲ့ နားကိုလက်နဲ့ နှိုက်ရင်း ဖုန်းကို တစ်ဖက်ပြောင်းပြောလိုက်ရတယ် ဒါတောင် အလိုက်သိတဲ့ လက်လေးက Call Volume ကို Auto လျော့ပြီးသားနော် နောက်ထပ် Hyung ရဲ့ Rap တွေကို နားထောင်ဖို့ရှိနေမှာသိလို့
“ခွေးကောင် မင်းအိမ်မှာ ဘာလုပ်သွားလဲ ဟမ် အခုမနတ်ကော ဖုန်းခေါ်နေတာ ဘယ်နှစ်ခါလဲ ယီးမို့ဖုန်းမကိုင်တာလား အိမ်ကိုရောဘာလို့ပြန်မလာတာလဲ အိုမားကငါ့ကို ယုံကြည်ပြီးအပ်ထားတာကို မင်းကမျက်နှာပျတ်အောင်လုပ်နေတာလား မင်းအချိုးတွေပြောင်းလာပြီနော် မင်းကိုငါတော်တော်ကြည့်မရတော့ဘူး သွား ဟျောင် ဒီမနတ်ငါ့အိမ်က အထုတ်လာယူပြီး ဘူဆန်ပြန်တော့”
လုပ်ပြီလုပ်ပြီ မောင်းထုတ်ပြန်ပြီ ဒီ Hyung ကလေ တစ်ခုခုဆို ဘူဆန်ပြန်တော့ ဆိုတာချည်းပဲ ပြီးတော့နေနိုင်တာလည်းမဟုတ်ဘဲနဲ့ အခုလည်း အိမ်ကို လေးရက်လေးမပြန်တာနဲ့ ဖုန်းဆက်ပြီးလှမ်းဆဲနေပြီ သူသိတာပေါ့ Hyung က အပြင်မှာအိပ်ရတာအဆင်မပြေဘူးထင်ပြီး စိတ်ပူနေမှန်း ဒါပေမဲ့ ဒီကအမောင်Jimin လေးကလည်း ချစ်မွေးပါပြီးသားဘယ်နေရာနေနေ အဆင်ပြေတယ်ဆိုတာ မသိတဲ့ Hyung အဘိုးအိုပေါက်ကတော့ အမြဲတမ်းစိတ်ပူနေတုန်း
“အိမ်ပြန်လာရင် Hyung ကကျွန်တော့်ကို ရိုက်မှာလေ အာ့ကြောင့်မလာတာ”
“ခွေးကောင် အကြောင်းပြချက်တွေလာမပေးနဲ့ မင်းငါရိုက်မှာကြောက်လို့ပြန်မလာဘူးဆိုရင် မင်းအရင်ကဘာလို့ပြန်လာလဲ အခုဘာလို့ လေး ရက် တောင်ရှိပြီပြန်မလာလဲ”