Unicode
မွန်းလွဲ ၁နာရီ မိနစ်၂၀….
“အရေးပေါ်!!!!”
Ambulance ကားထဲကနေ Emergency Room ကို လွဲပြောင်းတဲ့ stretcher bed ပေါ်က သွေးတွေနဲ့ ကောင်လေးရဲ့လက်တစ်ဖက်ကို တင်းကျပ်စွာ ဆုတ်ကိုင်ရင်း ပြန်လာပေးဖို့ မျက်ရည်များစွာနဲ့ တစ်ဖွဖွ တောင်းဆိုနေတဲ့ ကောင်လေးတစ်ယောက်။ စိုးရိမ်စိတ်နဲ့ ကတုန်ကယင် ဖြစ်နေသော ခန္ဓာကိုယ်က ငြိမ်သက်စွာ လဲလှောင်းနေတဲ့ ကောင်လေးရဲ့ မျက်နှာကိုပဲ မျော်လင့်တကြီး စူးစိုက်ကြည့်ရင်း လိုက်ပါနေသည်။
“အထဲကိုလိုက်ဝင်လို့မရပါဘူး!!!!”
တာဝန်ကျဆရာမရဲ့ တွန်းဖယ်မှုနဲ့ လွှတ်ပေးလိုက်ရသော လက်တို့ကြောင့် ရင်ဘက်ထဲမှာ လှပ်ခနဲဟာသွားသည်။ ပိတ်ချသွားသောတံခါးနဲ့အတူ မြင်ကွင်းမှ ကွယ်ပျောက်သွားပြီဖြစ်သော ထိုလူသားကို တမ်းတရင်း နာကျင်စွာ ရေရွက်မိတာက …..
“ကျွန်တော့်ဆီ ပြန်လာပေးပါ Hyung……”
Hyung ကို ကျွန်တော်အရမ်းချစ်တာမို့လို့ ကျွန်တော့်ဆီကိုပြန်လာပေးပါ Hyung…..
ဒီနေ့လိုမျိုးနောက်ထပ်မရှိနိုင်တော့အောင် ကာကွယ်ပေးမှာမို့ ကျွန်တော့်ဆီကိုပြန်လာပေးပါ Hyung…..
Hyung ကို အမြဲတမ်း ဉီးစားပေး ဂရုစိုက်ပေးမှာမို့ ကျွန်တော့်ဆီကိုပြန်လာပေးပါ Hyung…..
Hyung မကြိုက်တာတွေ မလုပ်ဖို့ ကတိပေးတာမို့ ကျွန်တော့်ဆီကိုပြန်လာပေးပါ Hyung…..
Hyung ကို ကျွန်တော် Hyung လို့ခေါ်ဖို့ အခွင့်ရေးလေးရချင်လို့ ကျွန်တော့်ဆီကိုပြန်လာပေးပါ Hyung…..
ရင်ဘက်ထဲမှဆို့နင့်နာကျင်သော ခံစားချက်နဲ့အတူ တစ်ခုခုဆိုတဲ့အတွေးက သူ့ရဲ့ အသိစိတ်ကိုကိုင်လှုပ်နေသည်။ ဒီအချိန်မှာ လေးနက်စွာတောင်းဆိုမိတဲ့ ဆုတောင်းကတော့ Hyung ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့ တစ်ခုတည်း….ငိုရပါများလို့ နီရဲနေသောမျက်လုံးများမှာ မျက်ရည်တို့ပြည့်သိပ်နေပြီး နားထင်ကြောတွေ နဖူးကြောတွေ ပါထောင်ထနေကာ ထိုင်ခုံမှာထိုင်နေတဲ့ ခန္ဓာကိုယ်ကိုအရှေ့ကိုကိုင်းပြီး လက်တို့ကို တင်းကျပ်စွာ ယှက်ဆုတ်ထားရင်း အသိစိတ်ကင်းမဲ့နေသူတစ်ယောက်လို ကျေးဇူးပြုပြီး…. ကျေးဇူးပြုပြီး….ဆိုပြီး တစ်ဖွဖွရေရွတ်နေသော Taehyung နဲ့အတူ တူညီသော စိုးရိမ်ပူပန်မှုတွေနဲ့ တိတ်ဆိပ်စွာ ဆုတောင်းရင်း လိုက်ပါလာကြတဲ့ Jin တို့မှာလည်း မျက်ရည်များနဲ့ပါ …..