(Unicode)
“တတ်”
“ဟင်”
Taxi မလာလို့ နာရီကိုကြည့်ရင်းဆက်ပြေးဖို့ ပြင်နေတဲ့ Jimin နားကို ထိုးဆိုက်လာတဲ့ အကောင်းစားကားတစ်စီးနဲ့ အထဲက ပြောလာတဲ့ အသံကြောင့် ကားမောင်းသူနေရာကို Jimin ကြောင်ပြီးကြည့်နေမိသည်။ လျောကျလာတဲ့မှန်နဲ့ အတူ လှည့်ကြည့်လာတဲ့မျက်နှာနဲ့ စူးရှတဲ့ မျက်လုံးတွေကြောင့် ပါးစပ်က ဟင် ဆိုပြီးတောင် အသံထွက်သွားသည်။ ချောချက်…..
“အင်း အာ ဘာလို့တတ်ရမှာလဲ ခင်ဗျားကဘယ်သူလဲ”
Jungkook တစ်ယောက် သူ့ရှေ့မှာအယောင်ယောင်အမှားမှား ဖြစ်နေသော အကောင်ပေါက်လေးကို ကြည့်ရင်းအသဲတွေယားလာသည်။ စိတ်ထဲမှာလည်းကျေနပ်နေမိသည်။ ဒီအကောင်ပေါက်လေး ငါ့ပုံစံကို ကြိုက်သားပဲ….
“ငါကဘယ်သူလဲ ဆိုတာထက် မင်းသွားချင်တဲ့နေရာကိုအရင်ရောက်ဖို့အရေးကြီးတယ်မလား တတ်”
ပထမဆုံးတွေ့ဆုံခြင်းမှာ အမှတ်ယူချင်ပေမဲ့ လေသံကတော့ပျော့ပျောင်းမနေခဲ့ပါ ဘာကြောင့်လဲဆိုတော့ သူ့ကြက်ပေါက်လေးက ဟိုအဖြူကောင်ဆီကို အသက်ထွက်မတတ် အသည်းသန်တွေဖြစ်ပြီးပြန်နေတာကို စိတ်ထဲဖုနေတာကြောင့်
“အောင်မာ ခင်ဗျားကလူကို ဘာထင်နေလဲ အဲ့လို ခေါ်တိုင်းလိုက်တဲ့ အထဲမှာ Jimin တို့မပါဘူး ချမ်းသာတာနဲ့ တခြားသူကိုလိုက်ပြီး အထင်သေးမနေနဲ့ ရုပ်ကိုက ဘဝင်ရူးရုပ်နဲ့ ကျတ်သရေကိုမရှိဘူး နောက်မတွေ့ဖို့မျော်လင့်ပါတယ်...TAXI!!!!!
ငင့် ပြောချလိုက်တာကွာ…..အေးပါ ကြက်ပေါက်လေးရယ် အဲ့ ဘဝင်ရူးရုပ်နဲ့ ကျတ်သရေမရှိတဲ့ကောင်ကြီးက မင်းလေးကို အရသိမ်းမယ်ဆိုတာ မင်းလေးသိထားပါ……မမှောင်သေးလို့လွတ်ထားတာပါ ကြက်ပေါက်ရေ မှောင်လာရင်တော့ ငါ့ရဲ့ရင်ခွင်ခြံထဲမှာအပြီးအပိုင်သိမ်းထားတော့မှာနော်….
Jungkook တစ်ယောက်စိတ်ထဲက ကြုံးဝါးရင်း ခပ်ဟဟ တစ်ချက်ရယ် လိုက်သည်။ ပြီးနောက် သူ့နှလုံးသားလေး တတ်ပြေးသွားတဲ့ Taxiကို အေးစက်စက် ကြည့်လိုက်ကာ အိပ်ကပ်ထဲကဖုန်းကိုထုတ်ပြီး နံမည်တစ်ခုကို နှိပ်လိုက်သည်။
.......
“ Hello အစ်ကိုလေး”