(Unicode)
မြူးကြွတဲ့ အမိုက်စားတီးလုံးတွေနဲ့ မီးရောင်စုံတွေအောက်မှာ အသက်ဝင်နေတဲ့ နာမည်ကြီး Club တစ်ခုက Bar မှာ ကောင်လေးနှစ်ယောက် အရက်ခွက်ကိုယ်စီကိုင်ကာ ကနေတဲ့သူတွေဘက်ကိုငေးရင်း စကားပြောနေကြသည်။
“အဲ့တော့ မင်းအစီစဉ်က ပြောင်းသွားတယ်ပေါ့”
“အေး”
“ဟဟ အစကတော့ မိုးလားကဲလားနဲ့ အခုကြ ဘယ်လိုဖြစ်သွားရတာတုန်းငါ့ကောင်ရ”
“ချစ်မိသွားတာထင်တယ်”
“အဟက် အခြားဟာသပြောဟျောင့် မရယ်ရဘူး အဲ့ဒါ”
ခနဲ့သလိုရယ်ရင်း Tae ကိုတစ်ချက်ကြည့်လိုက်တော့ အရက်ခွက်ကို သေချာစိုက်ကြည့်ပြီး စိတ်နဲ့လူနဲ့မကပ်တဲ့ ပုံစံကြောင့် Jungkook မှာလှောင်သာလှောင်ရတာ ဟုတ်နေမလားဆိုပြီးသံသယတော့ဝင်မိသေးသည်။ ဒီကောင် တကယ်များ ပြောနေတာလား။
“ငါကိုယ်ငါ အကြိမ်ပေါင်းများစွာပြန်မေးပြီးပြီကွ အဲ့အဖြေပဲထွက်တယ် ငါသူ့ကိုချစ်မိသွားတာ ဘာလို့မှန်းမသိဘူး သူနဲ့အတူရှိနေတဲ့အချိန် သူ့မျက်နှာလေးကို မြင်နေရတဲ့ အချိန်ဆို ငါစိတ်တွေတအားပျော်နေတာငါခံစားမိတယ် သေချာတယ်ကွ ငါသူ့ကိုချစ်နေပြီ”
Taehyung ရဲ့အတည်ပေါက်စကားတွေ ကိုနားထောင်ရင်း Jungkook မှာ ခပ်မဲ့မဲ့ပြုံးကာ အရက်ကို တချိုက်တည်း မော့သောက်လိုက်သည်။ မောင်မင်းကြီးသားကတော့ နေရာမှာတင် ကျောက်ရုပ်ဖြစ်သလိုနဲ့ အခုထိအရက်ခွက်ကို သူ့ရည်းစားမျက်နှာလိုကြည့်နေတုန်း
“စောက်ပိုတွေ မင်းရည်းစားလိုချင်နေလည်း ကြိုက်မဲ့ကောင်မလေးတွေ ဝိုင်းနေတာကိုကွာ အေးအေးဆေးဆေးနေနေတဲ့သူကို ဒုက္ခမပေးသင့်ပါဘူး”
“မင်းဘာပြောတာလဲ”
Tae Hyung ရဲ့အသံက ရေခဲမှတ် ရောက်နေပြီး မျက်လုံးတွေက Jungkook ရဲ့မျက်လုံးတွေကို စိုက်ကြည့်ကာ တစ်ခုခုဆိုတာကို အဖြေရှာကြည့်နေသည်။ ဟုတ်တယ် Jungkook ဆိုတာ အဲ့လို သူများအတွက် စဉ်းစားပေးတဲ့သူမှမဟုတ်တာ ဘာလို့ဒီလိုပြောတာလဲ။ ငါ့ဟာလေးကိုများ ဒီကောင်က လုချင်တာလား။ အဲ့လိုတော့အဖြစ်မခံဘူး Yoongi က အရင်တည်းက ငါ့အပိုင်ပဲ အခုရောနောင်ရော ငါ့အတွက်ပဲဖြစ်ရမယ်။