Unicode
"သောက်ပါဦးလား..."
ကော်ဖီခွက်ကို အရှေ့နားတွန်းပို့ရင်း ပြောတဲ့ ဥက္ကဌဝမ် ကိုရှောင်းကျန့်စိတ်မရှည်သလို ပြန်ကြည့်လိုက်ရင်း...
"ပြောစရာရှိတာသာ ပြောပါ"
ထိုတော့မှ ဥက္ကဌဝမ်က သက်ပြင်းတစ်ချက်ချလိုက်ကာ...
"အင်း...ဘာမှတော့ထွေထွေထူးထူးမရှိပါဘူး ငါ့တူရာ ဝမ်လေးကိုဂရုစိုက်ပေးဖို့ပြောချင်လို့"
"ဟက်...ဒီဘူတာပဲစိုက်မယ်လို့ထင်သားပဲ"
ဥက္ကဌဝမ်က မျက်နှာငယ်ဖြင့်တိုးလျိုးစွာ ပြောတာဖြစ်ပေမယ့်...ရှောင်းကျန့်ကတော့ခနဲ့သလိုပြန်ပြောလေရဲ့...မသနားနိုင်ပါဘူး! အဲ့လိုသနားစရာကောင်းသလို မျက်နှာနဲ့လေသံအေးအေးလေးတွေက လူတစ်ယောက်အသက်နဲ့တောင် သူ့ကိုချိမ်းခြောက်နိုင်ခဲ့တယ်မဟုတ်လား...
"ဝမ်လေးက သူများတွေနဲ့တူတာမဟုတ်ဘူး သူ့မှာအပေါင်းအသင်းလည်း များများစားစားမရှိတော့ သားကပဲသူ့ကိုတစ်ချက် စောင့်ရှောက်ပေးပါနော်"
"ဒါပဲမို့လား ကျွန်တော်သွားတော့မယ်"
အပြောနဲ့အတူ ရှောင်းကျန့် မတ်တပ်ရပ်ပြီး ထထွက်လာခဲ့လိုက်သည်...
ထွက်သွားတဲ့ရှောင်းကျန့်နောက်ကျောပြင်ကို ကြည့်ရင်း ဥက္ကဌဝမ်ရေရွတ်လိုက်သည်က...
'တောင်းပန်ပါတယ် ကလေးရယ်'တဲ့
ပြောစရာကသက်သက်ရှိနေပေမယ့် တကယ်တမ်းရှောင်းကျန့်အရှေ့ရောက်တော့ ထွက်မလာခဲ့ပါ...
သူဒီကလေးကို အားနာသည်လေ...
~~~~~~~~~Hurt~~~~~~~~~
ဒီနေ့ကတော့ကျောင်းပိတ်ရက်...
ရိပေါ် တစ်ယောက်တည်းအိမ်ထဲမှာပျင်းတာနဲ့ ခြံထဲကိုဆင်းလာလိုက်သည်...
ခြံစောင့်ဦးလေးကြီး ကိုတွေ့တာနဲ့ဘာရယ်မဟုတ် အနားသွားကာ စပ်စုလိုက်တော့ ဦးလေးကြီးကပန်းပင်တွေရေလောင်းနေသည်...
ခြံထဲမှာစိုက်ထားတဲ့ ဒေလီယာပန်းတွေက ရေစက်လေးတွေတွဲလောင်းခိုနေတာကြောင့် အရင်ကထက်ပိုလှသွားသလို...ဒေလီယာပန်းတွေကိုကြည့်ရင်း မေမေ့ကိုတောင် သတိရမိသွားသည်မို့ မျက်ရည်စများကမျက်လုံးတွင်ခိုအောင်းလာလေသည်...ကျလုဆဲဆဲမျက်ရည်တွေကို ပုတ်ခတ်လိုက်ရင်း မပီပြင်လှတဲ့အပြုံးကိုပန်ဆင်ကာ စိတ်ထဲတွင်ပြောလိုက်မိသည်က...'aww ဝမ်ရိပေါ်ရယ် သိပ်မကြာခင်ပဲ မင်းအမေနဲ့တွေ့ရတော့မယ့်ဟာ ဘာတွေဝမ်းနည်းနေတာလဲ' လို့...
ВЫ ЧИТАЕТЕ
~Hurt~(Completed)
ФанфикшнUnicode........... ကိုကိုက ကျွန်တော့်အပေါ် အေးစက်စက်နိုင်တယ်.... ကိုကိုက ကျွန်တော့်ကိုတွေ့တိုင်း မျက်နှာတည်တည်သွားတတ်တယ်.... ကျွန်တော်သိပါတယ် ကိုကိုကျွန်တော့်ကိုမချစ်မှန်း.... ကျွန်တော်သိပါတယ် ကိုကို့အတွက် ကျွန်တော်က စိတ်ရှုပ်စရာကောင်းမှန်း.... အချ...
