~Hurt~*6*'Bewilderment'

10.7K 886 13
                                    

Zawgyi .........

မကြာမီပင် ရိပေါ် ပြန်ဆင်းလာကာ...ရှောင်းကျန့် လက်ထဲသို့ပန်းချီကား တစ်ချပ်ပေးလိုက်သည်...

ရှောင်းကျန့်လှမ်းယူပြီးကြည့်မိတော့ ထုံးစံအတိုင်း သူ့ပုံပင်...

"မသပ်မရပ်ဖြစ်သွားရင်တော့ စိတ်မဆိုးနဲ့နော်ကိုကို ကျေနော်သိပ်မဆွဲတတ်ဘူးရယ်"

ပြောပြီးရယ်ပြလာသော ကောင်လေး...
ဒီစကားတွေကရှောင်းကျန့်ကိုပန်းချီကားတွေပေးတိုင်း ပြောနေကျစကား...
သူသိပါတယ် ဒီကောင်လေးကပန်းချီဆွဲရတာဝါသနာမပါဘူးဆိုတာ...သူ့ကိုလက်ဆောင်ပေးချင်လို့သာ သက်သက်ဆွဲနေခြင်း...ဒါပေမယ့်မဆိုးပါဘူးလေ စစခြင်းတုန်းကထက်စာရင် ပိုပြီးတော့ပီပြင်လာတယ်...

"မင်းတစ်နေ့တစ်နေ့ ဒါတွေပဲလုပ်နေတော့မှာလား စာလေးဘာလေးလည်းလုပ်ဦး စာမေးပွဲမကျစေနဲ့"

"ဟုတ်ကဲ့ကိုကို"

ကိုကိုကစိတ်ပူသလိုလေးပြောလာတာမို့ လူကပျော်သလိုဖြစ်လာပြီး ပြုံးပြီးတော့ပဲပြန်ပြောလိုက်သည်...
သို့ပေမယ့်အပြုံးတွေကကြာရှည်မခံပါ ကိုကိုရဲ့ကားမထွက်ခင်ပြောသွားတဲ့ စကားတွေကြောင့်ငိုချင်သလိုတောင်ဖြစ်သွားသည်...
ပြောသွားတာက...
"အဲ့လိုမှ တစ်ချိန်ကျရင် ငါ့exတွေထဲမှာ ညံ့တဲ့သူမရှိဘူးဆိုပြီး ကြွားလို့ရတာပေါ့"တဲ့...

ကိုကိုကသူ့ကိုစိတ်ကုန်နေတာလား?သူ့ကိုဖြတ်တော့မှာလား?သူဘာအမှားလုပ်မိလို့လဲ?သူကစိတ်ညစ်ဖို့ကောင်းနေလို့လား?လွယ်လွယ်နဲ့ချစ်ပြီးလွယ်လွယ်နဲ့စိတ်ကုန်လို့ရအောင်ကိုသူကလွယ်လွန်းနေတာလား?ကိုကိုကသူ့ကိုတကယ်ရောချစ်ခဲ့ရဲ့လား?ဟက် သူတို့နှစ်ယောက်ကချစ်သူတွေသာဆိုတယ်...ချစ်သူနဲ့လည်းမတူခဲ့ပါဘူး ကြင်ကြင်နာနာတောင်တစ်ခါမှမပြောဖူးခဲ့တာ...ဖတ်တာတွေနမ်းတာတွေဆိုဝေးရော...
ဘာပဲဖြစ်ဖြစ်ကောင်းပါတယ်လေ ကျွန်တော့်ကိုမချစ်တော့ ကိုကိုမနာကျင်ရတော့ဘူးပေါ့...

အတွေးတွေနဲ့အတူကျလာတဲ့ မျက်ရည်တွေကိုသုတ်ကာ ခြံထဲဝင်လာတော့ ပန်းခင်းဘက်မှ ဦးလေးကြီးကလှမ်းမေးသည်...

~Hurt~(Completed)Donde viven las historias. Descúbrelo ahora