Zawgyi....
ဆေးရုံကုတင်ထက်မှာလှဲနေတဲ့ ဖြူဖြူဖျော့ဖျော့သားဖြစ်သူကိုကြည့်ပြီးတောင်းပန်စကားကိုသာတသွင်သွင်ပြောနေမိသည်...
သူ့အမေဆုံးပြီးကတည်းက သူနဲ့မပြေမလည် ဖြစ်ခဲ့တဲ့ကလေးကိုသူဂရုမစိုက်ခဲ့မိ...
ကြီးကြီးမားမားရန်ဖြစ်တာမျိုးမရှိခဲ့ပေမယ့် သူတို့ဆက်ဆံရေးကအေးစက်စွာ...
အထက်တန်းကျောင်းသားဘဝမှာ ခဏခဏခေါင်းမူးမူးတက်လာလို့ဆေးရုံကိုသွားပြခဲ့တော့ သိခဲ့တာက သွေးကင်ဆာနောက်ဆုံးအဆင့်တဲ့...
သူစသိတုန်းကဆို သူ့ကိုယ်သူအရမ်းဒေါသထွက်ခဲ့တာ သူဂရုမစိုက်မိခဲ့လို့မဟုတ်လား...
အဲ့နောက်ပိုင်းမှာသူကလေးကိုမျက်စိအောက်ကကိုအပျောက်မခံခဲ့တာ...
အနောက်ကတောက်လျှောက်လိုက်ကြည့်ခြင်းရဲ့ရလဒ်က ဝမ်လေးကကောင်လေးတစ်ယောက်ကိုကြိုက်နေတယ်ဆိုတာ သိလိုက်ရတာပဲ...
အဲ့အချိန်တုန်းကသူဘာမှမတွေးနိုင်ခဲ့ဘူး..
အတ္တကြီးတတ်တဲ့သူအကျင့်အရ ဝမ်လေးကိုပျော်ရွှင်စေချင်တာပဲသိခဲ့တာ...
သူ ဝမ်လေးအခန်းထဲဝင်တုန်းက ရှောင်းကျန့်ပုံကိုစတွေ့ခဲ့တာ အမြဲတမ်းလိုလိုဆေးကျောင်းရှေ့ကိုရောက်ရောက်နေတတ်တဲ့သူသားက ရှောင်းကျန့်ပုံကိုခိုးရိုက်ထားပုံ...
နောက်ပိုင်း အဲ့ဆေးကျောင်းမှာ ရှယ်ယာဝင်ပြီးအများဆုံးရှယ်ယာရှင်အဖြစ်နဲ့ ကျောင်းအုပ်ကြီးကိုကြိုးကိုင်နိုင်အောင်ကြိုးစားခဲ့တာ...
အစကတော့ ဒီအတိုင်းပိုက်ဆံပေးပြီးတွဲခိုင်းဖို့လုပ်ပေမယ့် ကောင်လေးကခေါင်းမာတာကြောင့် ပညာရေးနဲ့ခြိမ်းခြောက်မိသည်...
သိုပေမယ့်မရတာမို့ သူ့ကုမ္ပဏီမှာ အလုပ်ဝင်လုပ်နေတဲ့ကောင်လေးရဲ့အဖေကိုအကူအညီတောင်းကြည့်ဖို့ကြိုးစားသည်...
အဲ့ဒီနေ့က...
Flashback
ခါတိုင်းထုတ်လုပ်ရေးဘက်ကိုယောင်လို့တောင်မလာတဲ့ ဥက္ကဋ္ဌက ဒီနေ့ရောက်လာတာမို့ ဝန်ထမ်းတွေအားလုံးခပ်လန့်လန့်ဖြစ်နေသည်...
"ဥက္ကဋ္ဌကြီး ရှောင်းရန်ဆိုတာသူပါပဲ"
ဘေးကမန်နေဂျာပြောလာတာကိုခေါင်းတစ်ချက်ငြိမ့်လိုက်ကာ ရုံးခန်းထဲကိုလာဖို့ခေါ်လိုက်သည်...
YOU ARE READING
~Hurt~(Completed)
FanfictionUnicode........... ကိုကိုက ကျွန်တော့်အပေါ် အေးစက်စက်နိုင်တယ်.... ကိုကိုက ကျွန်တော့်ကိုတွေ့တိုင်း မျက်နှာတည်တည်သွားတတ်တယ်.... ကျွန်တော်သိပါတယ် ကိုကိုကျွန်တော့်ကိုမချစ်မှန်း.... ကျွန်တော်သိပါတယ် ကိုကို့အတွက် ကျွန်တော်က စိတ်ရှုပ်စရာကောင်းမှန်း.... အချ...
