~Hurt~*10*'Flashback 2'

10K 857 39
                                        

Zawgyi........

<ပီ!!!>

"ရှောင်းကျန့်!"

စီနီယာလု ပစ်ပေးတဲ့ရေဘူးကိုလှမ်းဖမ်းလိုက်ပြီးတစ်ကျိုက်တည်းမော့သောက်လိုက်သည်...
အပြင်ထွက်သွားသော ရေတွေကတော့ လည်ချောင်းတလျှောက် ချွေးများနဲ့ရောပြွန်းကာ စီးဆင်းလျက်...

"တော်တယ်ရှောင်းကျန့် ဒုတိယပိုင်းမှာလည်း ဒီလိုပုံစံဆို သေချာပေါက်ငါတို့အသင်းနိုင်မှာပဲ"

စီနီယာလုကဘေးနားတွင်ဝင်ထိုင်ရင်းစကားဆိုလာသည်...
စီနီယာလုကနောက်ဆုံးနှစ်...ကျောင်းချိန်မှန်မှန်မတက် ရပ်ကွက်ထဲမှာဘောလုံးလိုက်ကန်ပြီး ပေါ့ပေါ့ပါးပါးနေတတ်ပေမယ့် စာမှာတော့ မထင်ရလောက်အောင်ကိုတော်သည်...
အင်း...သူ့မိသားစုလဲမပြည့်စုံဘူးလို့ပြောရမလိုပဲ ဘောလုံးကန်ရင်းနိုင်လို့ရတဲ့ငွေတွေ၊ အချိန်ပိုင်းအလုပ်လုပ်လို့ရတဲ့ငွေတွေကပဲ သူ့ကျောင်းလခ၊သူ့အိမ်စရိတ်ဖြစ်နေတာ...
သူလည်းမနေ့ကကိစ္စကြောင့် ကျောင်းမတက်ချင်တာမို့ သူတို့နဲ့အတူ ဘောလုံးလာကန်ခြင်း...
ပညာသင်ဆုအသိမ်းခံရသည်ဆိုတဲ့ သတင်းကိုမကြားချင်တာဆိုရင် ပိုမှန်လိမ့်မည်...

"ငါမထင်ထားဘူး မင်းခုလိုငါတို့နဲ့အတူဘောလုံးလာကန်လိမ့်မယ်လို့ ပြောစမ်းပါဦး ငါတို့ရဲ့ King ကြီးမှာဘာစိတ်ညစ်စရာတွေများရှိ​နေတာလဲ ဧကန္တ ဘယ်ကောင်မလေးကိုများလိုက်မရဖြစ်နေလဲ"

"မဟုတ်တာ အကိုလုရာ ဒီအတိုင်းပါပဲ"

ပြောရင်းနှစ်ယောက်သားရီမောမိပြန်သည်...အကိုလုကဟာသဉာဏ်လည်းရွှင်သည်...

"ကဲ ဒုတိယပိုင်းတောင်စတော့မယ်"

ပြောပြီးထထွက်သွားတဲ့အကိုလုနောက်လိုက်ဖို့လုပ်လိုက်ပေမယ့်...

"ရှောင်းကျန့်ရေ! ရှောင်းကျန့်!"

သူရှိရာကိုအမောတကြီးပြေးလာသောလူကြောင့် သူလန့်သွားသလို ဘေးနာကလူတွေလည်းအာရုံစိုက်လာကြသည်...သေချာကြည့်မိတော့မှဘေးအိမ်ကအကို...

"ဘာဖြစ်လို့လဲအကို"

"မင်းအဖေ ကုမ္ပဏီမှာလှေကားပေါ်ကပြုတ်ကျလို့ ဆေးရုံရောက်နေတယ်တဲ့"

~Hurt~(Completed)Where stories live. Discover now