Unicode
နံနက်ခင်း အချိန်ပေမယ့် နေနည်းနည်းမြင့်နေပြီဖြစ်သောကြောင့် အခန်းထဲကျရောက်နေတဲ့ နေရောင်ခြည် ကထိလိုက်တာနဲ့ ပူလောင်မှုအတိုင်းသား...
ရှောင်ကျန့်နိုးလာတော့ အခန်းထဲမှာနေရောင်တွေ့တာကြောင့် မျက်လုံးကအော်တို နာရီဆီသို့...
7:30 AM
နာရီကြည့်ပြီးတာနဲ့ ရှောင်းကျန့် ကမန်းတန်း ရေချိုးခန်းထဲဝင်သွားတော့သည်...
အရင်ကအေးအေးဆေးဆေးပဲ နေတတ်တဲ့ရှောင်းကျန့် ခုတော့ လောနေသည်...
မလောလို့ရမလား 8 နာရီမှာ အတန်းရှိသည်ကိုး...
နေ့တိုင်းဒီအချိန်ဆိုကျောင်းရောက်နေပြီ...
အင်းပေါ့လေ မနေ့ကပင်ပန်းသွားသည်ပဲ...
~~~~~~~~~Hurt~~~~~~~~~
ကားမောင်းလာရင်း စဉ်းစားမိတာကမနေ့ကအကြောင်း...
ဒီနေ့ရိပေါ် ကျောင်းလာမှာမဟုတ်တာတော့သေချာသည်...
မနေ့ကဥက္ကဌဝမ်ဖုန်းဆက်တော့ ဟိုကိစ္စအကြောင်းမမေးတာ မသိသေးလို့ဖြစ်မည်...
*သွားပြောလိုက်ရင်ကောင်းမလား*
အတွေးနဲ့မောင်းနေတာ သတိဝင်လာတော့ဘယ်နားရောက်နေမှန်းမသိ...
ပတ်ဝန်းကျင် ကိုသေချာလိုက်ကြည့်မိတော့မှ ရိပေါ့်အိမ်နားရောက်နေမှန်းသိသည်...
*ကျစ် ဘယ်လိုရောက်လာတာလဲ*
ဟုတ်သည်လေ ရိပေါ့်ကိုအိမ်ပြန်လိုက်ပို့ပေးတာကလွဲလို့ ဒီအိမ်ရှေ့မပြောနဲ့ ဒီရပ်ကွက်ကိုတောင် တစ်ခါမှခြေမချဖူး...
*သွားလိုက်ရင်ကောင်းမလား*
ရှောင်းကျန့်တစ်ယောက်တည်းအတွေးလွန်ဆွဲနေသည်...
နာရီကြည့်လိုက်တော့...7:55 AM...
အင်း...ဒီအချိန်သွားလည်းအတန်းကနောက်ကျနေပြီ...
ဥက္ကဌဝမ် လည်းကုမ္ပဏီ သွားဦးမှာမဟုတ်ဘူး...လမ်းကြုံနေတာပဲ တစ်ခါတည်းဝင်ပြောလိုက်တာကောင်းပါတယ်...
ထို့နောက်ကားလေးကတော့ အရှေ့လမ်းလေးထဲက ဝမ်အိမ်တော်ဆီသို့...
ရှောင်းကျန့် အဖေအိမ်မှာရှိတုန်းက သူကျောင်းသွားနေကျ အချိန်လေးကိုလျစ်လျူရှုရင်းပေါ့...
.
.
.
.
.
"သခင်ကြီး ဧည့်သည် လာတယ်"
VOCÊ ESTÁ LENDO
~Hurt~(Completed)
FanficUnicode........... ကိုကိုက ကျွန်တော့်အပေါ် အေးစက်စက်နိုင်တယ်.... ကိုကိုက ကျွန်တော့်ကိုတွေ့တိုင်း မျက်နှာတည်တည်သွားတတ်တယ်.... ကျွန်တော်သိပါတယ် ကိုကိုကျွန်တော့်ကိုမချစ်မှန်း.... ကျွန်တော်သိပါတယ် ကိုကို့အတွက် ကျွန်တော်က စိတ်ရှုပ်စရာကောင်းမှန်း.... အချ...
