💜I💜

8.3K 417 47
                                    

#Zawgyi code

Till The Last BREATH

EPISODE•1

တိုက်ခတ်လာသော လေအဝှေ့နှင့်အတူ သစ်ရွက်လေးများကလည်း နေရာအနှံ့ လွင့်ပျံလျက်ရှိသည်။

လွန်ခဲ့သော အချိန်ကာလကပင် အစိမ်းရောင်သန်းနေသော အရွက်လေးများသည် ယခုအခါ၌ ရွှေအိုရောင်ဘက်သို့ ကူးပြောင်းချေပြီ။

"နွေဦး ရောက်ပြီပဲ။"

မျက်စိရှေ့တွင် မြင်နေရသော နေကြာပန်းခင်းထဲ မျက်လုံးမှိတ်ကာ လက်နှစ်ဖက်ကို ဆန့်တန်းရင်း နွေဦးရဲ့ အရသာကို ခံစားလျက် ခြေဆန့်မိသည်။

စုံမှိတ်ထားသော မျက်ဝန်းအစုံကြောင့် အမြင်အာရုံမှာ မဲမှောင်နေသော်လည်း ကြားနေရသော လေရဲ့ကျီစယ်မှုကြောင့် ထွက်ပေါ်လာသည့် သစ်ရွက်လှုပ်ရှားသံလေးများနှင့် မျက်နှာပေါ်ဖြတ်ပြေးသွားသည့် လေနုနုလေးကြောင့် နှင်းဆီဖူးနှုတ်ခမ်းလေးမှ အပြုံးပန်းတို့ဖြစ်ထွန်းလာသည်။

ငှက်လေးတွေရဲ့ တေးသံလေးတွေ၊ တိုက်ခတ်နေတဲ့ လေပြေသံလေးတွေ.......ပြီးတော့ ချစ်ရသူနှင့် တူတူရှိနေရတယ်ဆိုတဲ့ အသိလေး....။
ဒီအခိုက်အတန့်လေးက အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိလိုက်တာ။

မျက်လုံးကို ငြင်သာစွာဖွင့်ကာ ကောင်းကင်ပေါ်ရှိ တိမ်ဆိုင်ဖြူဖြူလေးတွေ အတန်ငယ် ဖုံးလွှမ်းနေသည့် နေမင်းကြီးကို ကြည့်ရင်း သူ့ရဲ့လက်သေးသေးလေးတစ်ဖက်ကိုတော့ ရင်ခုန်သံတို့ဖြစ်တည်ရာ ဘယ်ဘက်ရင်အုံလေးပေါ်သို့ နေရာချ၏။

တဒုတ်ဒုတ်နှင့် စည်းချက်ကျစွာ လှုပ်ရှားနေသော ကိုယ့်ရင်ဘတ်ထဲက နှလုံးခုန်သံကို နားစွင့်ရင်း နှုတ်ခမ်းဖူးတို့ကော့တက်လာကာ သူတိုးတိုးလေး ရွတ်မိသည်က.......

"Hyungလည်း ဒီအခိုက်အတန့်လေးကို သဘောကျတယ်လား"

နူးနူးညံ့ညံ့ဖြစ်တည်လာသော အပြုံးနှင့်အတူ ကိုယ့်ရင်ဘတ်ထဲရှိ ချစ်ရသူရဲ့ နှလုံးလေးမှာလည်း စည်းချက်ကျစွာ ကခုန်လျက်။






"တိုတို.....တိုတို ကျီမင်း"

ရင်ခုန်သံကို နားစွင့်နေစဉ် အဝေးမှ ကြားရလာသည့် ခေါ်သံစူးစူးလေးကြောင့် သွားတန်းလေးများပေါ်သည်အထိ သူပြုံးမိသည်။

Till The Last BREATH //Yoonmin// (Miracle Contest)Where stories live. Discover now