#Zawgyi code
Till The Last BREATH
EPISODE•4
ထိုနေ့က Hyungနှင့်အတူ နေရာအစုံသို့ လျှောက်လည်ခဲ့သည်။ ကစားကွင်းတွေ၊ မုန့်ဆိုင်တွေ၊ ရုပ်ရှင်ရုံ၊ ပန်းခင်း၊ ကမ်းခြေ စတဲ့ သူသွားချင်ခဲ့သမျှ စိတ်ကူးခဲ့သမျှ ဆန္ဒတို့ကို Hyungနှင့်အတူ ဖြည့်ဆည်းခဲ့သည်။
သို့သော် ထိုနေ့ဟာ Hyungကိုနောက်ဆုံးတွေ့ရသည့်နေ့ပင်။ ထိုညမှာပင် Hyungက Londonကို ဆေးကုသဖို့ ထွက်သွားခဲ့သည်။ အခန်းနံပါတ်204ဟူသော ဆေးရုံအခန်းလေးဟာ မင်ယွန်းဂီဟူသော Hyungမရှိသည့်နောက် တိတ်ဆိတ်လို့နေသည်။
တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားသည်မှာ တစ်ပတ်ပင်ကြာချေပြီ။ တစ်ပတ်ဟူသော အချိန်အတွင်း ခွဲစိတ်ဖို့ အဆင်သင့်ဖြစ်နေရန်အတွက် သူသည်လည်း အထူးကြပ်မတ်ဆောင်သို့ ပြောင်းရွှေ့လိုက်ရသည်။
အချိန်တွေကြာလာတာနဲ့အမျှ ရင်ဘတ်ဟာလည်း အဆမတန်နာကျင်လာသည်။ တစ်ခါတစ်ရံ အသက်ရှူ ကျပ်လာပြီး သတိလစ်သွားတတ်သည်။ ထိုအချိန်မျိုးတွင် သူတမ်းတမိသည်က သူ့အားလာရောက်ပွေ့ဖက်ပေးကာ နှစ်သိမ့်ပေးမည့်Hyungကို။
နံရံတွင်တပ်ဆင်ထားသော နာရီလေးကို ကြည့်ရင်း သူတွေးမိတာက ဒီအချိန်ဆို Hyungဘာများလုပ်နေမလဲဟူ၍။ သူပြောမှသာ ဆေးသောက်တတ်သော Hyungက ဆေးကုသမှုကို သေချာခံယူပါ့မလား။ တစ်နေ့ထက်တစ်နေ့ပိုပြီးလွမ်းဆွတ်လာမှုနှင့်အတူ ပိုပြီးသိလာရတာက Hyungအပေါ်ထားရှိမိတဲ့ သူ့ရဲ့အချစ်ကို။ ဘယ်အချိန်လဲတော့မသိပေမယ့် Hyungပြန်လာတဲ့အချိန်ကျရင် Hyungကိုချစ်တဲ့အကြောင်း သူဖွင့်ပြောမည်။ သူ့အား နွေးထွေးမှုတွေ၊ ဂရုစိုက်မှုတွေ၊ အလေးထားမှုတွေ ပေးအပ်သော Hyungသည်လည်း သူ့လိုပင် ခံစားချက်ရှိနေလိမ့်မည်ဟု မျှော်လင့်မိသည်။
Hyungအကြောင်းတွေးနေရင်းပင် ပိုပြီးသတိရလာမိသည်။ ဆိုးလိုက်တာ...သတိရရင် ကြည့်ဖို့ Hyungရဲ့ဓာတ်ပုံလေးတစ်ပုံတောင်မရှိဘူး။ သတိရတိုင်း Hyungနဲ့သူ ပြောထားတဲ့ Notebookထဲက စာလေးတွေကိုပဲ ပြန်ဖတ်ပြီးဖြေသိမ့်နေရသည်။ နောက်ဆုံးအကြိမ်တွေ့ခဲ့ရတဲ့ ညက **ပထမဆုံးတွေ့တုန်းက ဘာလို့စကားနဲ့မပြောဘဲ စာနဲ့ပြောတာလဲ**လို့ မေးတော့ ပြန်ဖြေလာတာက 'စကားပြောရတာ ပါးစပ်ညောင်းလို့'တဲ့လေ။ အရမ်းကိုချစ်ဖို့ကောင်းတဲ့ အချေပါဆို။
YOU ARE READING
Till The Last BREATH //Yoonmin// (Miracle Contest)
Fanfictionကံတရားလား....ထားပါ။ မင်းနဲ့ကိုယ့်ကြားမှာ အချစ်စစ်ဆိုတာ ရှိနေသ၍ ဘယ်အရာမှ ကိုယ်တို့ကို ဝေးကွာအောင် လုပ်နိုင်မှာမဟုတ်ဘူး။