💜V💜

1.8K 266 26
                                    

#Zawgyi code
Till The Last BREATH

EPISODE•5

အချစ်ဆိုတာ...
ဂျစ်ကန်ကန်လူတစ်ယောက်ကို လိမ်မာသွားစေနိုင်တာမျိုး။
အေးစက်စက်နှလုံးသားကို နွေးထွေးတဲ့နှလုံးသားအဖြစ် ပြောင်းလဲသွားစေနိုင်တာမျိုး။

______Till The Last BREATH______
ငယ်ရွယ်စဉ်ကလေးဘဝတုန်းက ပျော်ရွှင်ဖွယ် မိသားစုကို ပိုင်ဆိုင်ခဲ့ရပေမယ့်.....အရွယ်ရောက်လာတဲ့အခါ ဖခင်ရဲ့စာရိတ္တ ပျက်ပြားမှုကြောင့် မိခင်ကို ဆုံးရှုံးခဲ့ရပြီး မိသားစုတကွဲတပြားဖြစ်ခဲ့ရသည့်အပြင် မိထွေးပါသားရဲ့ လုပ်ကြံမှုကြောင့် ကားaccidentဖြစ်ကာ ဆေးရုံသို့ ရောက်လာခဲ့သည့်ကောင်လေး။

သတိရလာလာချင်း သိလိုက်ရတာက အသက်မသေသော်လည်း အကြားအာရုံ ချို့ယွင်းသွားတဲ့ သူ့ဘဝကို။

အရာအားလုံးကို ကြားနေနိုင်ရာကနေ ရုတ်တရတ်ကြီး အသံတွေဆိတ်သုန်းသွားခဲ့တဲ့ သူ့ဘဝကြီးဟာ အလွန်ပင် အကျဉ်းတန်လှပေစွ။

သာယာလှပနေတဲ့သူ့ဘဝကို အကျဉ်းတန်သွားစေသော မိုးနတ်မင်းကို အပြစ်တင်ရမည်လား။
သူ့ကိုယခုလိုဖြစ်အောင်လုပ်ခဲ့တဲ့ အဓိကတရားခံဖြစ်သော မိထွေးနဲ့သူ့သားကို အိမ်ပေါ်ခေါ်တင်ခဲ့သည့် Appaကို စိတ်နာရမည်လား။
Appaရဲ့စည်းစိမ်တွေကို လောဘတက်ကာ သူ့အားသတ်ပစ်ရန် ကြိုးစားခဲ့သော မိထွေးနှင့် မိထွေးပါသားကို အပြစ်တင်ရမည်လား။

ဘယ်သူ့ကိုပဲအပြစ်တင်နေပါစေ သူ့ဟာ ဒုက္ခိတဘဝသို့ ရောက်ရှိသွားခဲ့လေပြီ။
ပစ္စည်းတွေကို ပစ်ပေါက်ကာ ဆေးရုံခန်းအတွင်း သောင်းကျန်းနေပါသော်လည်း ပစ္စည်းကျကွဲသံကိုမပြောနှင့် အပ်ကျသံကိုပင် မကြားရလောက်အောင် သူ့ကမ္ဘာကြီးဟာ ဆိတ်သုဉ်းသွားခဲ့လေပြီ။

မိထွေးဖြစ်သူရဲ့ မာယာနွံထဲ နစ်မြောနေသော Appaဟာလည်း အသိတရားရဖို့မဖြစ်နိုင်ရာ သူ့ရဲ့ဘဝဟာ နားမကြားတဲ့လူတစ်ယောက်အဖြစ် ဆေးရုံမှာပဲ တငိုငိုတရယ်ရယ်နဲ့ နေ့ရက်တွေကို ကုန်ဆုံးခဲ့ရသည်။

ကောလိပ်ကျောင်းပြီးသွားသော်လည်း သူ့အား လှည့်ပင်မကြည့်ဘဲ မိထွေးပါသားကိုသာ ဂရုစိုက်နေသော Appaကိုအရွဲ့တိုက်ချင်စိတ်ဖြင့် ဘာအလုပ်မှရေရေရာရာ မလုပ်ဘဲ ဂလေရိုက်နေခဲ့သောသူသည် သူ့အတွက်ဆိုပြီး ဘဏ်စာအုပ်လုပ်ထားပေးခဲ့သော Ommaကြောင့်သာ ဆေးရုံ၌ ယခုလို အပူအပင်မရှိ ဆေးကုသမှုခံယူနိုင်ခြင်းဖြစ်သည်။

Till The Last BREATH //Yoonmin// (Miracle Contest)Where stories live. Discover now