#Zawgyi code
Till The Last Breath
Final Extra
မနက်ကိုးနာရီအချိန်ဖြစ်သော်လည်း ဆောင်းတွင်းဖြစ်သည့်အတွက် နေမင်းကြီးထွက်ပေါ်လာဖို့မပြောနှင့်။ တိမ်ထူထပ်သဖြင့် ကောင်းကင်မှ နေရောင်ခြည်ဖျဖျလေးသာ ပတ်ဝန်းကျင်သို့ ကျရောက်နေသည်။
အဖြူရောင် နှင်းမှုန်လေးတွေဟာလည်း ပတ်ဝန်းကျင်အနှံ့ ကျရောက်နေကာ အဖြူ ရောင်ပန်းချီကားချပ်လေးအလား ယနေ့မနက်ဟာ လှပလို့နေသည်။
ထို့အတူ ဆိုးလ်မြို့ရှိ အိမ်လေးတစ်အိမ်၌လည်း ချစ်စဖွယ်လူသားလေးတစ်ယောက်၏ အသံစာစာလေးဖြင့် မနက်ခင်းလေးဟာ သာယာလို့နေ၏။
"ဟျောင်းရေ မြန်မြန်လုပ်၊ နောက်ကျနေပြီ"
အခန်းတံခါးဝမှရပ်ကာ အခန်းထဲတွင် အဝတ်အစားလဲနေသော အိမ်ထောင်ဦးစီးကြီးအား ပွစိပွစိပြောနေသော ကောင်ငယ်လေးမှာ လွန်ခဲ့တဲ့နှစ်နှစ်ကအတိုင်းပင် ချစ်ဖို့ကောင်းနေမြဲပင်။
"ကဲ ပြီးပြီ ကိုယ့်အသက်လေးရေ"
နှုတ်ခမ်းလေးထော်ကာ ဆူပုတ်နေသော အိမ်ရှင်ထီးလေးကို အသဲယားစွာဖြင့် နှုတ်ခမ်းဖူးဖူးလေး၌ အကြင်နာအနမ်းတစ်ပွင့်ခြွေကာ သူအသိပေးတော့ ချစ်ရသူလေးက သူ့အား ဘုကြည့်ကြည့်လာသည်။
"ဘယ်အချိန်ရှိနေပြီလဲ ကြည့်ဦး၊ မေမေတို့ဆီသွားဖို့ မနေ့ကတည်းကပြောထားတာကို။ အခုကြည့် တော်တော်နောက်ကျနေပြီ"
"အေးပါကွာ....ကိုယ်တောင်းပန်ပါတယ်၊ ကလေးဆူချင်ရင်လည်းကားပေါ်ရောက်မှဆက်ဆူတော့။ အခုတော့ကားပေါ်အရင်တက်၊ နောက်ကျနေပြီ "
အိမ်တံခါးကိုသေချာပိတ်ကာ ချစ်ရသူလေးအား ပုခုံးလေးမှထိန်းကိုင်ရင်း ကားရှိရာသို့ လျှောက်လာခဲ့တော့ မကျေနပ်သလို ဆူပုတ်ပြီးလိုက်ပါလာသော ကလေးငယ်ကြောင့် ယွန်းဂီအချစ်ပိုရပြန်သည်။
ကားအနောက်ခန်းတံခါးကိုဖွင့်ပေးကာ ချစ်ရတဲ့အိမ်ရှင်ထီးလေးအတွက် နေရာအသင့်ပြင်ပေးတော့ ကားပေါ်တွင် အသင့်ရောက်ရှိနေပြီး အခန့်သားထိုင်နေသော ရတနာငယ်လေးအားတွေ့လိုက်ရသည်။
YOU ARE READING
Till The Last BREATH //Yoonmin// (Miracle Contest)
Fanfictionကံတရားလား....ထားပါ။ မင်းနဲ့ကိုယ့်ကြားမှာ အချစ်စစ်ဆိုတာ ရှိနေသ၍ ဘယ်အရာမှ ကိုယ်တို့ကို ဝေးကွာအောင် လုပ်နိုင်မှာမဟုတ်ဘူး။