💜II💜

2.5K 317 27
                                    

#Zawgyi code

Till The Last BREATH

EPISODE•2

"မေမေ မနက်ဖြန်ကျရင် လာခဲ့ဦးမယ်နော်။ မေမေ့ ဂျီမင်းလေးက ဘာစားချင်လဲပြော...မေမေဝယ်ခဲ့ပေးမယ်"

အပြုံးလေးနှင့်အတူ သိမ်မွေ့စွာမေးလာသော မေမေ တစ်နည်းအားဖြင့် ဂေဟာမှူးအား သူလက်ဟန်ခြေဟန်ဖြင့် sign language ကို သုံးပြီး အဖြေပေးမိသည်က *ဟမ်ဘာဂါ*ဟူ၍။

ဒါကို နားလည်သည့် မေမေ့က ကုတင်ဘေးသို့ တင်ပလွှဲဝင်ထိုင်ကာ သူ့အားထပ်မေးလာသည်။

"ဘယ္ဟမ္ဘာဂါလဲ"

စိတ်ထဲတွင် စားချင်စိတ်ဖြစ်နေသည့် ဟမ်ဘာဂါအား ဂျီမင်းအတန်ငယ်စဉ်းစားလိုက်သည်။ ပြီးမှ လက်ဖောင်းဖောင်းလေးဖြင့် ကြက်ပေါင်ကိုက်သလို လုပ်ပြလိုက်တော့ မေမေ့ဆီက ရယ်သံလွင်လွင်လေး ထွက်ပေါ်လာသည်။

"ကြက်သား?"

မေမေ့အမေးကို သူအားတက်သရော ခေါင်းငြိမ့်ပြကာ ပြုံးလိုက်မိသည်။
တကယ်ပါ..မေမေ့နဲ့ နေရတဲ့အချိန်တွေတိုင်းဟာ သူ့အတွက် အနွေးထွေးဆုံးအချိန်တွေပဲ။

သူအား အပြုံးလေးနှင့်အတူ ကြင်နာစွာ ကြည့်နေသော မေမေ့ရင်ခွင်ထဲသို့ သူရုတ်တရက်ခိုဝင်လိုက်သည်။
ဒါဟာ သူအားငယ်သည့်အချိန်တိုင်း ပြုလုပ်တတ်သည့် အမူအကျင့်လေး။ ဘယ်လိုဘဲ စွံ့အနေသည့်ဘဝကို မကျေမနပ်မဖြစ်ဘူးပြောပြော တစ်ခါတစ်လေတော့ စိတ်အားငယ်မိသည်။
ဒါကိုသိသည့် မေမေဟာလည်း သူ့အားရင်ဖွင့်ကာ အမြဲကြိုဆိုမြဲပင်။

မေမေ့ကိုယ်သင်းနံ့အား ရှူ ရှိက်ကာ မေမေ့ရင်ခွင်ထဲခိုနားလိုက်တော့ အားငယ်စိတ်တွေအစား နေ့ရက်တွေကို ဆက်လက်ဖြတ်သန်းဖို့ အားအင်တွေရရှိလာသည်။

ခုမှသတိထားမိသည်။ မေမေ့ကိုယ်က လိုတာထက် ပိုပူနွေးနေသလိုပင်။
မေမေ့အား ဖက်ထားရာမှ အသာခွာကာ လက်ကိုမြှောက်ပြီး သူ့နဖူးပေါ်သို့ အဖျားစမ်းသလို လက်ဖမိုးနှင့်ထိကပ်လိုက်သည်။
ထို့နောက် တစ်ဖန် လက်မလေးထောင်ပြကာ သူအမူအရာလုပ်ပြလေတော့...

သူပြောချင်တာကိုသိသည့် မေမေက...
"မေမေ နေကောင်းပါတယ်။ စိတ်မပူနဲ့။ မေမေက ဂျီမင်းလေးအတွက် အမြဲသန်မာပြီးသား"

Till The Last BREATH //Yoonmin// (Miracle Contest)Where stories live. Discover now