#Zawgyi code
Till The Last Breath
Extra-4
"ဟျောင်း"
"ဟျောင်း"
နားထဲသို့ ဝင်လာသော အသံသေးသေးလေးနှင့်အတူ မျက်နှာထက်၌ ခံစားနေရသော လှုပ်ရှားမှုလေးတစ်ခု။ နဖူးမှတစ်ဆင့် နှာခေါင်းသို့ ရွေ့လျားနေသော ထိုလှုပ်ရှားမှုလေးကြောင့် သူဆက်အိပ်လို့မရတော့သဖြင့် မျက်ဝန်းတို့ကိုဖွင့်ကြည့်တော့ သူ့အားကြည့်နေသည့် ကလေးကိုတွေ့လိုက်ရသည်။
"နိုးပြီလား"
နှုတ်ခမ်းဖူးဖူးလေးကိုထော်ကာဖြင့် သူ့အားမေးလာသော ကလေးဟာ သူ့ရဲ့မနက်ခင်းနိုးထခြင်းတွေအတွက် အကောင်းဆုံးဆုလာဘ်လေးပင်။
"အင်း နိုးပြီ"
အိပ်ယာမှနိုးနိုးချင်းဖြစ်သည့်အတွက် အက်ရှရှဖြစ်နေသော အသံဖြင့် ကလေးရဲ့အပြောကို ပြန်ဖြေရင်း သူ့မျက်နှာပေါ်၌ ရွေ့လျားနေသည့် ကလေးရဲ့လက်လေးကို ဆုပ်ကိုင်ထားလိုက်သည်။
"ဗိုက်မဆာဘူးလား"
မျက်လုံးလေးလှန်ကာ သူ့အားမေးလာသော ကလေးရဲ့အမေးကြောင့် အိပ်ခန်းရဲ့ ပြတင်းပေါက်မှတစ်ဆင့် အိမ်အပြင်ဘက်ကို လှမ်းကြည့်တော့ မဲမှောင်နေသော ပတ်ဝန်းကျင်ကိုသာ မြင်လိုက်ရသည်။
"မိုးတောင်မလင်းသေးဘူးလေ....ကလေးက ဗိုက်ဆာနေပြီလား နေဦး ကိုယ်မနက်စာပြင်ပေး--"
"ညစာ"
ဗိုက်ဆာနေပုံရသော ချစ်ရတဲ့ကလေးအတွက် မနက်စာပြင်ပေးရန် ကုတင်ပေါ်မှအဆင်းတွင် သူ့လက်အားဖမ်းဆွဲကာ ပြောလာသော ကလေးကြောင့် သူတစ်ချက်ကြောင်သွားမိသည်။
"ဘာကို?"
"ညစာလို့"
"ဟမ်"
နှုတ်ခမ်းပုစိလေးမှထွက်လာသော စကားတို့ကိုနားမလည်နိုင်ဖြစ်နေစဉ် မေးဆတ်ကာပြလာသော ကလေးကြောင့် သူလေးပြရာနေရာဆီသို့ ကြည့်မိတော့ နံရံတွင်တပ်ဆင်ထားသော ကိုးနာရီဟုညွှန်ပြနေသည့် နံရံကပ်နာရီလေးကို တွေ့လိုက်ရသည်။
"Oh my"
ထိုအခါမှသာ ကလေးပြောချင်သည်ကို နားလည်သွားသော ကျွန်တော့်အား ကလေးက မကျေနပ်သလို ဆူပုတ်ပြီးကြည့်လာသည်။
YOU ARE READING
Till The Last BREATH //Yoonmin// (Miracle Contest)
Fanficကံတရားလား....ထားပါ။ မင်းနဲ့ကိုယ့်ကြားမှာ အချစ်စစ်ဆိုတာ ရှိနေသ၍ ဘယ်အရာမှ ကိုယ်တို့ကို ဝေးကွာအောင် လုပ်နိုင်မှာမဟုတ်ဘူး။