💜VI💜

1.9K 276 33
                                    

#Zawgyi code

Till The Last BREATH

EPISODE•6

"တီ တီ တီ တီ~~~"

"သခင်လေး! သခင်လေးသတိရလာပြီ။ အိမ်တော်ထိန်းရေ ဒေါက်တာကိုအမြန်ခေါ်! မြန်မြန်လုပ်!"

"Nae! Nae "

နားထဲကြားလာရသော ဝရုန်းသုန်းကားအသံတွေနဲ့အတူ သူနိုးထလာသည်။ မျက်လုံးများကိုဖွင့်ရန် ကြိုးစားတော့ လေးလံနေသော မျက်ခွံများ။ သူအားစိုက်ယူကာ မျက်ခွံတို့ကို ဖွင့်လိုက်တော့ ပထမဆုံးမြင်ရတာက...အနက်ရောင်ဝေဝါးဝါးလေး။ မျက်တောင်တို့ကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မျက်စိရှေ့ကမြင်ကွင်းကို ပြန်ကြည့်လေတော့ မြင်နေရသည်က အနက်ရောင်မျက်နှာကျက်။ မျက်ဝန်းအိမ်ကို အနည်းငယ်လှုပ်ရှားကာ ဘေးဘီဝဲယာကို ကြည့်မိတော့ အသိပေးလာသည့်အာရုံအရ အခုသူဟာ အိမ်တော်ထဲက သူ့အိပ်ခန်းထဲကို ရောက်နေသည်ပဲ။

ထုံထိုင်းနေတဲ့ အာရုံတို့ကို ပြန်အလုပ်ပေးတော့ နောက်ဆုံးမှတ်မိတာက ကလေးအတွက် သူ့နှလုံးကိုအစားထိုးပေးရန် ခွဲစိတ်ခန်းထဲတွင် မေ့ဆေးအပေးခံလိုက်ရပြီး မေ့မြောသွားခဲ့သည်ကို။

အမှန်ဆို အခုအချိန်မှာ သူဟာ ဒီလောကကြီးကနေ ပျောက်ကွယ်သွားရတော့မယ့် အခြေအနေဖြစ်ပေမယ့် ဘာလို့ တည်ရှိနေသေးပါလိမ့်။ အတွေးတို့နှင့်အတူ စဉ်းစားမရဖြစ်နေစဉ် အခန်းအပြင်ဘက်မှ လှေကားပေါ်သို့ပြေးတက်လာဟန်ရှိသော ဝုန်းဒိုင်းအသံများနှင့်အတူ သူ့အိပ်ခန်းတံခါးလည်း ပွင့်လာသည်။ အခန်းတံခါးပွင့်ပွင့်ချင်း အခန်းထဲသို့ အပြေးဝင်လာသည်ကား အိမ်တော်ထိန်းဦးလေးကြီးရယ် အိမ်အကူအဒေါ်ကြီးရယ် ဒေါက်တာတစ်ယောက်ရယ် နာ့စ်တစ်ယောက်ရယ်။

သူ့အနားသို့ ရောက်ရောက်ချင်း ဒေါက်တာက ပါလာတဲ့ ဆေးပစ္စည်းတွေကို ကုတင်ဘေးကစားပွဲပေါ် အသာတင်ပြီး သူ့အားကြည့်လာသည်။

"မင်ယွန်းဂီရှီ ကျွန်တော်အသံကို ကြားရလား"

အဆက်အစပ်မရှိမေးလာသော ဒေါက်တာရဲ့ အမေးကို သူယောင်နနနဲ့ ခေါင်းညိတ်ပြပြီးမှ မှတ်ဥာဏ်ထဲ သတိရလာသည်ကား သူဟာ အကြားအာရုံချွတ်ယွင်းနေတဲ့သူဆိုတာ။

Till The Last BREATH //Yoonmin// (Miracle Contest)Where stories live. Discover now