သူငယ်ချင်းမက၊ ရည်စားမကျတဲ့ဆက်ဆံရေးမှာ
အီစီကလီတွေပြောပြီးအသားယူရတာဘယ်လောက်
ပျော်ဖို့ကောင်းလဲမင်းတို့သိကြလား?OhSehunဆိုတဲ့ကိုယ့်ရဲ့ကောင်းခြင်းလေး
ဆီကဖုန်းနံပါတ်ရပြီးနောက်ပိုင်းညတိုင်းဖုန်း
တွေအကြာကြီးပြောဖြစ်ကြသည်။ ကိုယ်စအီ
တဲ့အခါသူ့ဘက်ကလည်းဆရာကျကျပြန်
အီတယ်။ clubကိုအပို့အကြိုလုပ်ပေးရတဲ့
တာဝန်ကိုသူမပေးလည်းကိုယ်ကသိတက်စွာ
ရယူခဲ့တယ်။မင်းနဲ့အတူရှိခွင့်ရတဲ့အချိန်တိုင်းကိုအခြားလူ
တွေထပ်ကိုယ်ကနည်းနည်းလေးဖြစ်ဖြစ်
ပိုရချင်ခဲ့တာ။ တစ်ခါတစ်လေဘာမဆိုင်
ညာမဆိုင်နဲ့သူ့လက်လေးတွေဆုပ်ကိုင်လို့
ရပြီးအသဲယားရင်ယားသလိုပါးပြင်ဖွေးဖွေး
ထဲနှာခေါင်းတိုးဝင်လေ့ရှိတယ်။ ကိုယ်မင်းတို့
ကိုပြောပြနေတဲ့ဟိုမရောက်ဒီမရောက်ဆက်ဆံ
ရေးထဲမှာနော်။Chanyeolခုနောက်ပိုင်းအရမ်းတွေပျော်မြူး
နေတက်သည်။ ဒီလိုစနေနေ့ရဲ့ညနေခင်းတွေ
မှာပေါ့။ ခုံပေါ်ကဖုန်းလေးမြည်လာတော့တပ်
နေတဲ့အကျီကြယ်သီးကိုအသာထားပြီးသီးသန့်
မြည်နေတဲ့ဖုန်းသီချင်းသံလေးကြောင့်ခြေလှမ်း
ကျဲများနဲ့စားပွဲနားလျှောက်သွားလိုက်သည်။" chan ... "
ရှတတနဲ့အသံသေးသေးလေး။
" အွန်း ... ကိုယ်အခုပဲလာတော့မှာ "
" မဟုတ်ဘူးchan ... ဒီနေ့လာမခေါ်နဲ့
တော့ ... "" ဘာလို့လဲ? "
ပျော်မြူးနေတဲ့စိတ်တွေကဟိုးအဝီစိအောက်ထိုး
ကျ။ ငယ်မမြင်ရလည်းစိတ်အလိုမကျတဲ့ပုံစံ
မျက်ခုံးတန်းတွေဟာတန်းကျုံ့ပြီးသားဖြစ်သွား
သည်။" ဟိုးတစ်ခေါက်chanကိုပြောပြဖူးတဲ့
တစ်ယောက်လေ သူလာခေါ်နေလို့ ... "" ဆေးကျောင်းသားဆိုတဲ့ကောင်လား? "
" အွန်း ... "
Chanyeolအံတင်းတင်းကြိတ်ပြီးကားသော့
ဆွဲကာကြယ်သီးဆုံးအောင်မတပ်ရသေးတဲ့
အကျီကရင်ဘတ်ဟပြဲဖြစ်နေပြီးထိုအတိုင်းပင်
အပေါ်ထပ်ကနေဒုန်းစိုင်းဆင်းလာခဲ့သည်။
![](https://img.wattpad.com/cover/191611012-288-k767808.jpg)
YOU ARE READING
Pinky Promise [Rate_M](ChanHun)[Completed]
Romanceအချစ်က'အနှောင်အဖွဲ့' လို့ကျွန်တော် ပြောတဲ့အခါ မောင်ကခပ်တိုးတိုးလေးရီတယ်... ချစ်ခြင်းတရားမှာဘာချည်နှောင်မှု့မှ မလိုအပ်ကြောင်းမောင်ပြောတဲ့အခါ အဖြူရောင်ဗလာသက်သက်နဲ့ချစ်ပြမယ် ... မောင့်မျက်ဝန်းတွေထဲကျွန်တော်လွင့်မေ...