Part(11)

3.4K 291 153
                                    

သုံးပတ်လောက်ကြိုးစားပမ်းစားဆော့ထားတဲ့
ခန္ဓာကိုယ်ကအတန်အသင့်ကျစ်လစ်နေပြီ
ဖြစ်သည်။ ပုံစံပေါ်လာတဲ့ဝမ်းဗိုက်ကိုမှန်ထဲ
ကတစ်ဆင့်ကြည့်ရင်းကျေနပ်စွာကိုင်တွယ်
လိုက်သည်။

ကြီးမားလာတဲ့လက်မောင်းတွေကိုလည်း
ဖျစ်ညစ်ကြည့်ရင်းပါးချိုင့်တွေပေါ်သည်
အထိပြုံးနေမိတော့သည်။ ဒီပုံအတိုင်းသာ
ဆော့သွားရင်chanyeolကအရမ်းကို
ယောက်ျားပီသတဲ့ခန္ဓာကိုယ်ကိုပိုင်ရတော့
မှာ။

" ငါကတကယ်ကြည့်ကောင်းတာပဲ "

ရေချိုးခန်းမှန်ထဲကကိုယ့်ကိုကိုယ်ကြည့်ရင်း
သဘောကျစိတ်ကထိန်းမရ။ အစီအစဉ်
တိုင်းပဲခါးမှာတစ်ဘတ်တစ်ထည်သာ
လျော့တိလျော့ရဲပတ်ထားလိုက်သည်။

ဟုတ်တယ်။ Chanyeolအခုချစ်လှစွာ
သောအကြောတင်းလေးအိမ်ကိုရောက်
နေတာ။ အဖြေပေးဖို့ဝေ့လည်ကြောင်ပတ်
လုပ်နေတဲ့အဲ့ဒီ့စောက်ကလေးကို
chanyeolစိတ်ရှိတဲ့အတိုင်းဆွဲဆတ်
လုပ်ပစ်လိုက်ချင်နေပြီဖြစ်သည်။

သို့သော်တရားဝင်ခွင့်ပြုချက်တောင်
တောင်းလို့မရသေးဘဲအတင်းအဓမ္မလုပ်မိရင်
chanyeolပဲနှာဘူးကောင်ကြီးဖြစ်မည်။

" Chan ... မပြီးသေးဘူးလား?
ငါအိမ်သာသွားမလို့ ... "

အပြင်ကနေလှမ်းအော်တဲ့အသံလေးကြောင့်
အတွေးလွန်ကာဖွင့်ထားမိတဲ့ရေပန်းကို
ပိတ်လိုက်ပြီးသေချာပေါက်အပြင်မှာ
ရှိနေမည့်အကြောတင်းလေးအားဆွဲဆောင်
ရန်ပြင်ဆင်လိုက်သည်။

တံခါးဖွင့်လိုက်တော့ဖြူဖြူဖွေးဖွေးမျက်နှာ
လေးကchanyeolကိုပြန်ဆွဲဆောင်
သွားသည်။ တံခါးဝမှာဖယ်မပေးဘဲ
ပိတ်ရပ်နေတော့သူ့လက်သွယ်သွယ်လေး
တွေကchanyeolဝမ်းဗိုက်ကိုတွန်းကာ
ဖယ်နေသည်။

ဟုတ်တယ်။ အဲ့လိုမျိုးလေးပြောင်းလဲနေတဲ့
ကိုယ့်အဖုအထစ်တွေကိုခံစားမိလိုက်စမ်း။

" ဖယ်လေ ... "

နှုတ်ခမ်းလေးကိုက်ထားကာအကျဉ်းအကျပ်
ထဲရောက်နေဟန်မျက်နှာလေးကတကယ်
ချစ်ဖို့ကောင်းတယ်။

" သွားလေငယ်ရဲ့ "

" ခင်ဗျားဒီလိုမျိုးတောင့်ပြီးရပ်နေမှတော့
ဘယ်လိုဝင်မလဲ ... မြန်မြန်ဖယ် "

Pinky Promise [Rate_M](ChanHun)[Completed]Donde viven las historias. Descúbrelo ahora