Part(9)

3.1K 329 63
                                    


ဆေးရုံမှာSehunတာဝန်ယူစောင့်ရှောက်ပေး
ထားတဲ့အဖိုးကိုနေ့လည်စာသွားပို့ပြီးbusကား
စီးကာအိမ်ပြန်လာလိုက်သည်။ အရင်ကဆို
စက်ဘီးလေးနင်းပြီးဈေးလမ်းကသွားနေကျ
ပေမယ့်အခုတလောsehunအတွေးတွေက
တောင်ရောက်လိုက်မြောက်ရောက်လိုက်မို့
စက်ဘီးမစီးဖို့ရွေးချယ်လိုက်ခြင်းဖြစ်သည်။

busကားပေါ်ကဆင်းပြီးနေရောင်နုနုလေး
အောက်မှာsehunခဏရပ်လို့လေကို
တစ်ဝကြီးရှုရှိုက်လိုက်မိသည်။ မေပယ်လ်
ရွက်အနီအဝါလေးတွေကြားကနေရောင်
ပျောက်ကြားလေးကပုန်းရှိုးကွယ်ရှိုးနဲ့
sehunကိုကြည်စယ်နေသည်။

ခဏကြာတော့တိမ်ဖြူဖြူတွေကြားထဲပုန်း
ကွယ်သွားတဲ့နေမင်းကြောင့်sehun
ခန္ဓာကိုယ်ပေါ်နွေးထွေးတဲ့နေပျောက်လေး
ရောက်မလာတော့ဘူး။ ဒါပါပဲ။ ထွက်ပေါ်
လိုက်။ ပျောက်ဆုံးလိုက်ပေါ့။ ခဏတာ
အတွက်ပဲဖြစ်ဖြစ်၊ တစ်သက်စာအတွက်ပဲ
ဖြစ်ဖြစ်ကြုံကိုကြုံရမယ့်အဖြစ်ကြီးတစ်ခုပါပဲ။
ဝင်လာကြတယ်ပြီးတော့ပြန်ထွက်သွားကြ
တယ်။

ဆယ့်တစ်ရက်ရှိပြီ။ သူကျွန်တော့်ဆီကပျောက်
ကွယ်သွားတာရက်ပေါင်းဆယ့်တစ်ရက်ရှိပြီ
တဲ့။ ဒါကိုဘာလို့sehunအတိအကျသိ
နေလည်းစဉ်းစားလို့မရဘူး။ ဂရုမစိုက်
ပါဘူးလို့တွေးထားတဲ့လူတစ်ယောက်
အကြောင်းတွေးနေမိတာကအလုပ်တော့
မဟုတ်ဘူး။

ဆပ်ပြာပူဖောင်းတွေလိုခဏလေးအတွင်း
ပျောက်ကွယ်သွားမယ်မှန်းသာကြိုသိခဲ့ရင်
ကျွန်တော်ဒီလောက်လွယ်ကူပေးမိမှာ
မဟုတ်ဘူး။ ထိုလူအတွက်ကျွန်တော်က
လမ်းမှာအမှတ်မထင်တွေ့တဲ့လူစိမ်း
တစ်ယောက်လောက်တောင်မှတ်ဉာဏ်
ထဲရှိခဲ့ပုံမပေါ်ဘူး။

မွန်းကြပ်လွန်းလို့လေပူတစ်ချို့မှုတ်ထုတ်ကာ
ခေါင်းကိုခါယမ်းလိုက်သည်။

ခင်ဗျားကတကယ်မွန်းကြပ်မှု့ပဲ
Park chanyeol။

" ကောင်လေးကOhsehunဆိုတာ
လား? "

တိုက်ခန်းလှေကားဆီဦးတည်နေတဲ့ခြေလှမ်း
တွေသည်အနောက်ဘက်ကအသံတစ်ခု
ကြောင့်ရပ်တန့်သွားသည်။ နောက်လှည့်ကြည့်
လိုက်တော့ပါဝါမျက်မှန်လေးထောင့်ကိုတပ်
တပ်ထားတဲ့ဦးလေးကြီးတစ်ယောက်ကို
တွေ့လိုက်ရသည်။

Pinky Promise [Rate_M](ChanHun)[Completed]Donde viven las historias. Descúbrelo ahora