Chanyeolဟာဆိုးလ်တက္ကသိုလ်ရဲ့ဒုတိယ
နှစ်ဥပဒေကျောင်းသားလေးဖြစ်တယ်။ အနေအေး
တဲ့ထဲမပါသလိုဆိုးသွမ်းတဲ့ထဲလည်းမပါဘူး။
အေးအေးဆေးဆေးနဲ့ကျောင်းတက်ရက်တွေ
ကိုပုံမှန်ဖြတ်သန်းတယ်။Chanyeolဟာကျောင်းမှာကျော်ကြားတဲ့
ကျောင်းသားစာရင်းထဲမပါပေမယ့်အတန်
အသင့်လူသိများတယ်။ ရွှေရောင်မျက်မှန်ဝိုင်း
လေးနဲ့ဒုတိယနှစ်ကျောင်းသားchanyeol
ဟာရုပ်ရည်ကြောင့်ရောစာတော်တာကြောင့်
ရောလူချစ်လူခင်များတယ်။chanyeolမှာမကောင်းတဲ့အချက်လို့ပြော
လို့ရသလိုကောင်းတဲ့အချက်လို့လည်းပြောလို့
ရတဲ့ဗီဇလေးတစ်ခုရှိတယ်။ အဲ့တာကအလွန်
အမင်းကူညီခြင်းပင်ဖြစ်သည်။ တစ်နေ့တစ်နေ့
ဘယ်သူ့ကိုဘယ်လိုကူညီရမလဲတွေးနေတဲ့
အချိန်တွေကဥပဒေပုဒ်မတွေကိုကျက်နေတဲ့
အချိန်တွေထပ်ပိုများခဲ့တယ်။ကျောင်းလာတဲ့လမ်းတစ်လျှောက်လည်းဘယ်သူ
အကူအညီလိုနေလဲမျက်စိဒေါက်ထောက်ရှာ
ဖွေနေတက်သည်။ အထုတ်ဆွဲရမယ်ဆိုလည်း
ကျောင်းနောက်ကျခံပြီးအိမ်တိုင်ရာရောက်ကူ
ဆွဲပေးသည်။ ဒန်အိုးဒန်ခွက်ဝယ်တဲ့သူကို
လည်းကူညီပြီးလှည်းတွန်းပေးတက်သည်။ယုတ်ဆွအဆုံးကျောင်းရဲ့အကျော်အမော်
ဇိုးအဖွဲ့ကိုလည်းတစ်နေ့ကိုဝမ်ဘယ်လောက်
ဆိုပြီးတကူးတကပိုက်ဆံသွားပေးသေး
သည်။Chanyeolဟာအတော့်ကိုအဆင်ပြေတဲ့
မိသားစုကတစ်ဦးတည်းသောသားလေးမို့
ကျောင်းရဲ့လူဆိုးအဖွဲ့ဟာမျက်စိကျနေတာကြာ
နေပေမယ့်ဘာမှတောင်မခြိမ်းခြောက်လိုက်ရ
ပါဘဲသူကိုယ်တိုင်လိုလိုလားလားပိုက်ဆံတွေလာ
ပေးနေတက်သည်။လူဆိုးအဖွဲ့ပင်ကြာတော့အားနာလာရသည်။
" Chanyeolရေ ... ငါတို့ကိုပိုက်ဆံ
တွေမပေးပါနဲ့တော့ကွာ ..."Gucciလွယ်အိတ်လေးထဲကပိုက်ဆံတွေ
နှိုက်ထုတ်နေတဲ့chanyeolလက်တွေ
ချက်ချင်းရပ်တန့်သွားသည်။ အဖွဲ့ခေါင်း
ဆောင်အကိုကြီးကိုမော့ကြည့်လိုက်တော့
ထိုအကိုကြီးကဆေးလိပ်ကိုရှိုက်ဖွာရင်း
ကောင်းကင်ကြီးကိုသာမော့ကြည့်နေသည်။
YOU ARE READING
Pinky Promise [Rate_M](ChanHun)[Completed]
Romanceအချစ်က'အနှောင်အဖွဲ့' လို့ကျွန်တော် ပြောတဲ့အခါ မောင်ကခပ်တိုးတိုးလေးရီတယ်... ချစ်ခြင်းတရားမှာဘာချည်နှောင်မှု့မှ မလိုအပ်ကြောင်းမောင်ပြောတဲ့အခါ အဖြူရောင်ဗလာသက်သက်နဲ့ချစ်ပြမယ် ... မောင့်မျက်ဝန်းတွေထဲကျွန်တော်လွင့်မေ...