ချစ်ကမ္ဘာဘုံ(2) [Z+U]

1.9K 229 139
                                    


CCTVထဲကနေသူ့လှုပ်ရှားမှု့မှန်သမျှမြင်နေ
ရတဲ့Sehunဟာရီရတာဗိုက်တောင်အောင့်
နေပြီဖြစ်သည်။ ကုတင်တိုင်ကိုကိုက်ကြည့်
သေးသည့်အရူးလေးသည်သူအနှစ်နှစ်အလလ
ကြိတ်ပိုးနေရသည့်crushဆိုတာယုံချင်
စရာတောင်မရှိ။

ပါးစပ်အဟောင်းသားနဲ့အခန်းပတ်ပတ်လည်
ကိုကြည့်နေပြီးအခန်းတံခါးဖွင့်ကာအပြင်
ကိုထွက်သည်ကိုကြည့်နေလိုက်သည်။
အထူးအဆန်းသဖွယ်ဖြစ်နေပြီးလှေကား
ပေါ်ကကုပ်ချိကုပ်ချိနဲ့ဆင်းသွားသည့်
အရပ်ရှည်ရှည်နားရွက်ကားကားနဲ့လူသား
သည်sehunချစ်ရပါသည့်တစ်ဦးတည်း
သောလေးဖြစ်သည်။

ဧည့်ခန်းထဲမတ်တပ်ရပ်နေပြီးဆိုဖာတွေကို
ခပ်ဖွဖွကိုင်ကြည့်နေသည့်လူသားသည်
သူ့အနောက်တွင်ရောက်နေသည့်Sehun
ကိုတောင်သတိမထားမိပေ။

အမြဲတမ်းအဝေးကနေပဲမျှော်ကြည့်ခဲ့ရသည့်
လူသားသည်အခုအခါSehunရဲ့အနီးဆုံး
မျက်စိရှေ့တွင်ရှိနေပြီဖြစ်သည်။
ဒါဘယ်လောက်ကြည်နူးဖို့ကောင်းတဲ့
ဖြစ်ရပ်မှန်လေးလဲ။ sehunမှာတစ်ကိုယ်
လုံးစိတ်လှုပ်ရှားမှု့ကြောင့်အေးစက်တုန်ရီ
နေခဲ့သည်။

" ငါအခုစိန်တွင်းထဲပြုတ်ကျလာတာ
တော့မဟုတ်ပါဘူးနော် ..."

ရုတ်တရက်ထွက်လာတဲ့ခပ်သြသြအသံ
ကြောင့်Sehunတစ်ချက်တုန်သွား
သည်။ သူ့အသံကတစ်ကယ်ပဲနားထောင်
ကောင်းလိုက်တာ။

ဒါပေမယ့်ဟန်ကိုယ်ဖို့အတွက်မျက်နှာကို
ခပ်တည်တည်ပြန်ထားပြီးမသိမသာ
လည်ချောင်းတစ်ချက်ရှင်းကာစကားစ
လိုက်သည်။

" ဟက်! အတွေးကလည်းကလေးဆန်
လိုက်တာ ..."

Sehunပြောပြီးပြီးချင်းလှည့်ကြည့်လာ
တဲ့ရွှေရောင်မျက်မှန်ဝိုင်းအောက်ကသိပ်
ကိုသေသပ်လွန်းတဲ့မျက်လုံးတွေ။

ပါးစပ်ဟောင်းလောင်းနဲ့sehunတစ်ကိုယ်
လုံးကိုခေါင်းအစခြေအဆုံးအစုန်အဆန်
ကြည့်နေသည့်သူ့အကြည့်တွေကြားနေရ
ခက်လှသည်မို့သူ့အနားကဖြတ်ကာဆိုဖာ
မှာခြေချိတ်ထိုင်နေလိုက်သည်။

sehunရင်တွေတစ်ဒိန်းဒိန်းခုန်နေတော့
တာပါပဲ။ သူလေsehunကိုမျက်တောင်
မခတ်တမ်းစိုက်ကြည့်နေတော့တာ။
crushရဲ့အတန်ရှည်ကိုလွယ်ကူစွာ
ရယူလိုက်နိုင်တဲ့sehunကတကယ့်ကို
ရင်ထဲပန်းတွေပွင့်လျက်ရှိတယ်။

Pinky Promise [Rate_M](ChanHun)[Completed]Tempat cerita menjadi hidup. Temukan sekarang