ကျွန်းစားပွဲကြီးပေါ်တွင်အညီအညာစီရီထား
သည့်ခရမ်းနုရောင်ဖိတ်စာများ။ ထိုဖိတ်စာ
များကိုခွဲယူနေပြီးနီးစပ်ရာမိတ်ဆွေများထံ
သွားရောက်ဖိတ်ကြားရမည့်တာဝန်ကိုမယူ
ချင်ပါသော်လည်းချစ်သူငယ်ချင်းကျေးဇူး
ကြောင့်ဧည့်ခန်းတွင်ခြေချုပ်မိနေကြသူ
များလည်းရှိသည်။ထိုသူတွေကတော့Steven,Liva,
Miနဲ့Sueတို့ပဲဖြစ်သည်။ အကြို
ဟန်နီးမွန်းဆိုပြီးမနေ့ညတည်းကလစ်
သွားသည့်ဗြဟ္မာဦးခေါင်းparkchanyeol
ရဲ့daddyပင်ဖိတ်စာများကူရွေးပေးနေ
ရသေးသည်။သူတို့အားလုံးမနက်ဖြန်ဆိုအင်ဒိုနီးရှားနိုင်ငံ၊
ဘာလီကျွန်းသို့သွားရောက်မည်ဖြစ်သည်။
ခရမ်းနုရောင်ဖိတ်စာတို့ရဲ့ကာယကံရှင်များ
ဖြစ်ကြသည့်သတို့သားနှစ်ဦးသည်သစ္စာ
ဖောက်၍သူတို့အားလုံးကိုထားခဲ့ပြီဖြစ်သည်။အားလုံးအတူတူသွားကြမည်ဟုတိုင်ပင်
ထားကြသော်လည်းယောက်ျားရခံနီးမှ
အင်မတန်ယွထသူparkchanyeol
ကသူ့သတို့သားအားဘယ်နည်းဘယ်ပုံ
နဲ့မြူစွယ်လိုက်လည်းမသိ။ မနက်ရောက်
တော့သူတို့နှစ်ယောက်လုံးဘာလီသို့
အရင်သွားနှင့်ပြီဆိုတဲ့စာရွက်ကလေးသာ
ကျန်နေခဲ့တော့သည်။အင်ဒိုနီးရှားနိုင်ငံ၊ဘာလီကျွန်း...။
" ငယ် ..."
" ဟင် ..."
" အုန်းရည်သောက်ကြရအောင် "
" အင်း ... သောက်မယ်လေ "
နှစ်ယောက်လုံးဒူးအောက်ဘောင်းဘီတိုအဖြူ
လေးတွေနဲ့အကျီကကျွန်းစတိုင်အပွင့်အခတ်
တွေကိုဝတ်ဆင်ထားကြသည်။နှစ်ဦးလုံး၏
ဦးခေါင်းတွင်လည်းဘာလီက ကလေးမလေး
လုပ်ပေးတဲ့စကားဝါပန်းသရဖူလေးကိုစွပ်
ထားကြသည်။အုန်းရည်သောက်ဖို့အတွက်ကမ်းစပ်ကို
ပြန်တက်လာပြီးရွှဲရွှဲစိုနေတဲ့အကျီကို
လက်ဖြင့်အနည်းငယ်ညစ်ထုတ်လိုက်
သည်။ အစားအသောက်ချစ်မြတ်နိုးသူ
Parkchanyeolကတော့အုန်းရည်
ဆိုင်နားပင်ရောက်သွားပြီဖြစ်သည်။မကြာခင်နေဝင်တော့မှာဖြစ်လို့အုန်းရည်
လေးသောက်ကာသံသောင်ပြင်ပေါ်ထိုင်
ပြီးနေဝင်ချိန်ကိုစောင့်စားနေလိုက်သည်။
ပင်လယ်ထဲမှာဆော့ကစားသူတွေလည်း
အသီးသီးကမ်းပေါ်ပြန်တက်လာကြပြီး
အခန်းပြန်သူကပြန်၊မီးပုံပွဲလုပ်ဖို့ပြင်ဆင်
သူကပြင်ဆင်ရင်းsehunတို့ထိုင်နေသည့်
သဲသောင်ပြင်နားလူရှင်းသွားတော့သည်။
![](https://img.wattpad.com/cover/191611012-288-k767808.jpg)
BINABASA MO ANG
Pinky Promise [Rate_M](ChanHun)[Completed]
Romanceအချစ်က'အနှောင်အဖွဲ့' လို့ကျွန်တော် ပြောတဲ့အခါ မောင်ကခပ်တိုးတိုးလေးရီတယ်... ချစ်ခြင်းတရားမှာဘာချည်နှောင်မှု့မှ မလိုအပ်ကြောင်းမောင်ပြောတဲ့အခါ အဖြူရောင်ဗလာသက်သက်နဲ့ချစ်ပြမယ် ... မောင့်မျက်ဝန်းတွေထဲကျွန်တော်လွင့်မေ...