Part(17)

3.9K 312 153
                                    


ဒီနေ့မနက်အိပ်ရာထတော့ခေါင်းကမူးနောက်
နောက်။ မနေ့ကငိုထားတာရော၊အိပ်ရေးမဝ
တာရောပေါင်းပြီးလူကနုံးနေသည်။

တက်ကြွတဲ့ကြက်ဖကြီးကတော့မနက်အစော
ထဲကလေတစ်ချွန်ချွန်နဲ့အပြင်ထွက်သွားတာ
ခုနေ့လည်ထိပြန်မရောက်သေး။ အစားပုတ်
လည်းမရှိဘူးဆိုတော့နေ့လည်စာကိုဖြစ်သလို
ခေါက်ဆွဲပြုတ်သာစားပြီးဆိုဖာပေါ်လှဲနေလိုက်
သည်။

~~ တီး တောင် ~~

ဆေးတစ်ခွက်သောက်ပြီးမှေးခနဲအိပ်ပျော်ခံနီး
မှတံခါးဘဲလ်သံကြောင့်ဆတ်ခနဲလန့်နိုးသွား
သည်။ လေးလံထိုင်းမှိုင်းနေတဲ့ခန္ဓာကိုယ်ကို
အနိုင်နိုင်သယ်ပြီးတံခါးသွားဖွင့်လိုက်သည်။

" hunnie ... နေမကောင်းဘူးလား? "

အစ်ကိုsuhoကလက်ဆွဲအိတ်အမဲရောင်
လေးတစ်ဖက်ရယ်၊ ကြွပ်ကြွပ်အိတ်အဖြူ
ရောင်ကြီးတစ်ဖက်ရယ်ကိုကိုင်ဆွဲထားပြီး
sehunကိုမေးသည်။

" နေကောင်းတယ် ... အိပ်ရေးမဝလို့
ခေါင်းမူးနေတာ ..."

" ဂရုစိုက်ဦး ... အစ်ကိုပေးတဲ့ဆေးတွေ
သောက်တာအဆင်ပြေလား? "

" အွန်း ... အဆင်ပြေတယ်
ထူးတော့မထူးခြားသေးဘူးနော် ..."

sehunသူ့ရင်ဘတ်လေးကိုစမ်းပြီး
ပြောလိုက်တော့အစ်ကိုsuhoက
ပြုံးသည်။

အစ်ကိုsuhoကသူ့လက်တစ်ဖက်ထဲက
အိတ်အဖြူရောင်ကိုထမင်းစားပွဲပေါ်တင်
ပြီးဟင်းတစ်ချို့ကိုရေခဲသေတ္တာထဲပြောင်း
ထည့်ပေးနေသည်။

" အစ်ကို့တုန်းကဆိုတစ်လကျော်လောက်
မှဆေးအာနိသင်စပြတာhunnieရဲ့ ..."

" ....."

" hunnieကခုမှဆေးစသောက်တာလေ
ဘယ်လိုလုပ်ထူးခြားဦးမှာလဲ မလောနဲ့ ..."

Yixing gegeထည့်ပေးလိုက်တဲ့ပုစွန်
ထုပ်အစပ်ချက်ဗူးကိုဖွင့်ပြီးတစ်ကောင်နှိုက်
စားလိုက်သည်။

" လာ ... ကြည့်ကြည့်ရအောင် "

အစ်ကိုsuhoကsehunကိုလက်ဆွဲ
ပြီးအိပ်ရှေ့ဧည့်ခန်းဆီဦးတည်သွား
သည်။ ဆိုဖာအရှည်ကြီးပေါ်မျက်နှာချင်း
ဆိုင်ထိုင်ပြီးအစ်ကိုsehunကသူယူ
လာတဲ့သူ့ဆေးအိတ်အမဲလေးကိုဖွင့်
နေသည်။

Pinky Promise [Rate_M](ChanHun)[Completed]Onde histórias criam vida. Descubra agora