part2 unicode

506 40 0
                                    

🦁🐰🦁🐰နွေဦး ပုံပြင်🦁🐰🦁🐰

အပိုင်း (၂)

ဝမ်ရိပေါ်တစ်ယောက် ဒိုင်ယာရီ စာအုပ်လေးကို ကိုင်ပြီးအိမ်အပေါ်ထပ်မှ ဆင်းလာချိန်တွင် လှေကားရင်း၌ ဝမ်ရိပေါ်၏ မိခင်ဖြစ်သူ
ဝမ်သူဌေးကတော် နှင့် လူသစ် သက်တော်စောင့် တစ်ယောက် ရပ်စောင့်နေသည်အား တွေ့လိုက်ရတယ်။ ဝမ်ရိပေါ် လှေကားရင်း ရောက်သည်နှင့် မိခင်ဖြစ်သူမှ သက်တော် စောင့် ကောင်လေးအား ‌ဝမ်ရိပေါ်နှင့် မိတ်ဆက်ပေး လိုက်သည်။

"နှုတ်ဆက်လိုက် မင်းစောင့်ရှောက်ပေးရမဲ့သူ.... အန်တီရဲ့ ....သား ဝမ်လေးပဲ .... သေချာဂရုစိုက်ပေးပါ.....အရင်ကလို အဖြစ်မျိုးတွေမကြုံရအောင်"

လူသစ် သက်တော်စောင့်လေး ယွီပင်းက
ဝမ်ရိပေါ်၏ မိခင်ကို ခေါင်းညိတ်ပြ၍ ပြန်ဖြေလိုက်သည်။

"စိတ်ချပါ....သခင်မကြီး"

ယွီပင်းတစ်ယောက် ဝမ်ရိပေါ်၏ မိခင်အား ကတိပေးပြီးနောက် ဖော်ရွေစွာပင် ဝမ်ရိပေါ်ကို ဦးညွှတ်၍ လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းပေးခဲ့သည်။

"မင်္ဂလာပါ သခင်လေး ကျွန်တော့်နာမည် ယွီပင်းပါ ...ကျွန်တော် သခင်လေးကို အကောင်းဆုံး ကာကွယ် စောင့်ရှောက်ပေးပါ့မယ်"

ဝမ်ရိပေါ်တစ်ယောက် လက်ကမ်းပေးလာသည့် ယွီပင်း၏ လက်ကလေးကို တွေဝေစွာ ငေးကြည့်ရင်း ၎င်း၏ အတွေးများက အတိတ်ဆီသို့ တစ်ဖန် ရွက်လွင့်သွားခဲ့ပြန်သည်။

####.....####....####....####....####....###

..... ကျန်ရစ်ခဲ့ပြီဖြစ်သော အတိတ်ရှိ နေ့ရက်များထဲမှ နေ့ တစ်နေ့တွင်ဖြစ်သည်။ ထိုနေ့က ဝမ်ရိပေါ်တစ်ယောက် အကလေ့ကျင့်နေရင်း အစာအိမ်ရောင်၍ လုံးဝမခံစားနိုင်တော့သည့် အဆုံး သတင်းမီဒီယာနှင့် ပရိတ်သတ်များ မသိအောင် တိတ်တဆိတ် ဆေးရုံတက် ခဲ့ရသည်။ ဝမ်ရိပေါ်ဆိုသူလေးက နာမည်ကြီး အဆိုတော် ၊ ရုပ်ရှင်သရုပ်ဆောင် တစ်ယောက် ဖြစ်ပြီး dancerပိုင်းတွင်လည်း နာမည်ကြီးသူဖြစ်သည်။ သတင်းမထွက်အောင် ဆေးကုသမှုခံယူဖို့ တိတ်တဆိတ် ဆေးရုံရောက်နေခြင်းဖြစ်သည်။

ဆေးရုံ VIP လူနာခန်းတွင်းရှိ ခုတင်ပေါ်တွင် လှဲနေသော ဝမ်ရိပေါ်လေးကို ဆရာဝန်မှ ဆေးကုသပေးနေချိန် အခန်းတွင်းသို့ ဝမ်သူဌေးကတော် နှင့် ကောင်လေးတစ်ယောက် ဝင်ရောက် လာခဲ့သည်။ ထိုကောင်လေးက အခြားသူတော့ မဟုတ်ပေ။ ယခုချိန်တွင် ဝမ်ရိပေါ် အရမ်းတမ်းတနေမိသည့်
ရှောင်ကျန့် သာဖြစ်သည်။ ထုံစံတိုင်း အရမ်းစိတ်ပူတတ်သည့် ဝမ်သူဌေးကတော် ကတော့ အလောတကြီး‌ ပြေးဝင်လာကာ တာဝန်ကျ ဆရာဝန်အား စိုးရိမ်တကြီးဖြင့်  မေးခွန်းများ မနားတမ်းမေးလေတော့သည်။

🐰🦁နွေဦးပုံပြင်🐰🦁Место, где живут истории. Откройте их для себя