🐰🦁🐰🦁"နွေဦး ပုံပြင်"🐰🦁🐰🦁
အပိုင်း(၁)
နေသာသော နေ့လေးတစ်နေ့တွင် လေးဖင့်နေသည့် ခြေလှမ်းများနှင့် အတူ တွန့်ဆုတ်နေမြဲ လက်လေးကို ကြိုးစားလှမ်းရင်း "ဝမ်ရိပေါ်" တစ်ယောက် မရောက်တာ ကြာပြီဖြစ်သော အခန်းလေးထဲသို့ ဝင်လာခဲ့မိသည်။ ရင်းနှီးခဲ့ဖူးသော ခံစားချက်လေးများ ရှိနေခဲ့သည့် အခန်းလေးထဲတွင် သံစဉ်တွေမတီးခတ်ခဲ့တာ ကြာပြီဖြစ်သည့် ဂီတာအိုလေးလည်း အထီးကျန်နေရှာသည်။ အမှတ်တရများနှင့် ဂီတာလေးကို ထိတွေ့လိုက်ချိန်၌ ကြိုးတစ်ချောင်းချင်းဆီကနေ ခွန်းတုံ့ပြန်လာခဲ့သည့် ဒို ရေ မီ ဖာ သံစဉ်လေးများမှ ပြန်လည်သယ်ဆောင်လာပေးခဲ့သော အတိတ်ပုံရိပ်လေးများက မျက်စိထဲတွင် ဝိုးတဝါး ပြန်ပေါ်လာခဲ့သည်။
ထိုနေ့က အခန်းထောင့်လေးရှိ ထိုင်ခုံလေးပေါ် တွင် ထိုင်ပြီး သီချင်းလေးတစ်ပုဒ်တီးခတ်ရင်း ပျော်ရွှင်နေခဲ့သည့် ဝမ်ရိပေါ်ကို မရဲတရဲ ခိုးခိုးကြည့်ကာ အနေအထိုင်ခက်စွာဖြင့် အခန်း အတွင်းထဲ၌ ယောင်လည်လည်ဖြင့် လျှောက်သွားရင်း ဆေးရောင်စုံဘူးလေးများကို အကြည့်ရောက်နေသည့်တစ်စုံတစ်ယောက်ကို မြင်ယောင်မိသည်။
*သဘောကျတာလေးများ မြင်မိရင် ပြုံးတတ်တဲ့ အကျင့်လေးရှိတဲ့ သူ့ရဲ့ အပြုံးလေးကို ကျွန်တော် အဲ့နေ့က ပထမဆုံးစတွေ့ခဲ့တယ်*
*အဲ့ဒီ့နေ့က ကျွန်တော်ကို လှမ်းကြည့်လိုက်တဲ့ သူ့ရဲ့နူးနူးညံ့ညံ့မျက်ဝန်းလေးနဲ့ အကြည့်ချင်းဆုံချင်မိသေးတယ်...ကျန့်ကောက လူပဲဖော်ရွေပြုံးတတ်တာမဟုတ်ဘူး....မျက်ဝန်းလေးတွေကအစ ဖော်ရွေပြုံးလေးပြုံးတတ်တဲ့ အနွေးထွေးဆုံး လူသားတစ်ယောက်ဆိုတာ ခင်ဗျားတို့သိလား*
"ကောက ပန်းချီဝါသနာပါလို့လား..
ကောင်းကောင်း ဆွဲတတ်လား"ကလေးတစ်ယောက်ကဲ့သို့ လွတ်လပ်ပေါ့ပါး
ပျော်ပျော် နေတတ်သည့် ဝမ်ရိပေါ်၏ ရင်းရင်းနှီးနှီး စကားလေးကို တည်ငြိမ်လွန်းသော ရှောင်ကျန့်ကတော့ ခေါင်းညိတ်ပြရုံ ဖြင့် အဖြေပေးလိုက်သည်။ ရှောင်ကျန့် အနေအေးတာသိပြီးသားဖြစ်သည့် ဝမ်ရိပေါ်ကတော့ အေးဆေး အပြုံးမပြတ် ရင်းရင်းနှီးနှီးပင် စကားဆက်ပြောနေခဲ့သည်။

YOU ARE READING
🐰🦁နွေဦးပုံပြင်🐰🦁
Fanfictionမိတ်ဆက် "ခင်ဗျားက ကျွန်တော့်ရဲ့ မပြည့်ဝခဲ့တဲ့ ဆုတောင်းလေးပါပဲ ကျန့်ကော" ညမှောင်မှောင် လရောင်အောက်က ဝရံတာလေးပေါ်မှာ လေပြေညင်းလေးကနေတဆင့် မျက်ရည်စတွေနဲ့ အတူ အမှာစကားတွေပါးနေမိသည့် ဝမ်ရိပေါ်လေးရဲ့ ရင်ဖွင့်သံတွေကို သက်ဆိုင်သူ ကျန့်ကော ကြားနိုင်မလားမသိ...