part(4) uniocde

310 35 0
                                    

🐰 🦁🐰🦁 နွေဦး ပုံပြင် 🦁🐰🦁🐰

အပိုင်း (၄)

ဂိုဒေါင်ဟောင်း တစ်ခုထဲတွင် ပိတ်လှောင်ခံထားရသည့် ဝမ်ရိပေါ် နှင့် ရှောင်ကျန့်တို့နှစ်ယောက် အကွာအဝေးမလှမ်း မကမ်းတွင် ဂိုဒေါင်ထဲရှိ တိုင်တစ်တိုင်စီမှာ ကြိုးတုတ်ခံထားရသည်။ သူတို့နှစ်ယောက်လုံး သတိရနေကြပြီး ဝမ်ရိပေါ်ကတော့ မျက်လုံးလေး မှေးမှိတ်ထားသည်။ သွေးရောင်မဲ့ပြီး ဖြူဖတ်ဖြူလျော် ဖြစ်နေသည် ဝမ်ရိပေါ်လေး အတော်လေး အထိနာထား၍ အခြေအနေမကောင်းချင်။ ထို့ပြင် ၎င်းစိတ်ရော လူရော ပင်ပန်းနေသည်။ ရိုက်နှက်ခံရလို့ နာကျင်နေတာတွေက ပြင်းထန်ပေမဲ့ မကြာခင် သက်သာသွားနိုင်သည်။ သို့သော် ရှောင်ကျန့် သူ့စိတ်ကို လှည့်စားသွားသည့် ဒဏ်ရာတွေကတော့ သက်သာဖို့ရာ ခက်ခဲလောက်သည်။

သို့သော်လည်း သူ အပြစ်မမြင် နိုင်ဘူးလေ။ အရာအားလုံးက လွှဲမှားနေခဲ့သည့်ပြဿနာများကြောင့် မဟုတ်ပါလား။ မှိတ်ထားသည့် မျက်လုံးကိုဖွင့်ပြီး သက်ပြင်းချလိုက်ရင်း ရှောင်ကျန့်အား ဖြေရှင်းချက်တစ်ခုပေးဖို့ ကြိုးစား၍ စကားပြော လိုက်သည်။

'အဲ့ဒီနေ့က ....ဘယ်မှသွားစရာမရှိတာနဲ့ ....
သူ့ ကောင်မလေးနဲ့ သွားတွေမယ်ဆိုလို့ ကားငှားပေးခဲ့တာပါ"

ရှောင်ကျန့် တစ်ယောက် ဘာမှပြန်မပြောပဲ နား ထောင် နေခဲ့သည်။ ဝမ်ရိပေါ်က ခဏနားပြီး စကားဆက်ပြောလိုက်သည်။

" ကားကို..ပြန်လာပေးတော့.....ဒီလိုပြသာနာတွေ ရှိခဲ့မှန်းလည်း တကယ် မသိခဲ့ဘူး"

ရှောင်ကျန့်က ဝမ်ရိပေါ်ကို လှမ်းကြည့်လိုက်သည်။ တစ်နှစ်ဆိုသောကာလအတွင်း သာမန်ထပ်ပိုခဲ့ကြသည့် ရင်းနှီးမှုကြီးကြောင့် အကြည့်တစ်ခုနဲ့တင် ဝမ်ရိပေါ်၏ စိတ်ရင်းနှင့် ရိုးသားမှုကို သူသိမြင်နိုင်ပါသည်။ ဝမ်ရိပေါ် တစ်ယောက် သက်ပြင်းချပြီး စကားကို အားယူ၍ ဆက်ပြောလိုက်သည်။ ၎င်းတစ်ကိုယ်လုံးနာကျင်နေပုံပင်။

"သိပ်မကြာလိုက်ပါဘူး.....အစ်ကို အလုပ်ဝင်ပြီး.... သိပ်မကြာခင်က စပြီး ဗီဒီယိုဖိုင်တွေ
ပို့လာလို့  သူ့ကိုမေးကြည့်တော့မှ ...ယာဉ်တိုက်မှု ဖြစ်ခဲ့တာကို သိခဲ့ရတာပါ....ဒါပေမဲ့ သက်သေမရှိတော့ ငြိမ်နေခဲ့မိတယ် ပြီးတော့..."

🐰🦁နွေဦးပုံပြင်🐰🦁Donde viven las historias. Descúbrelo ahora