🐰🦁🐰🦁 နွေဦး ပုံပြင် 🦁🐰🦁🐰
အပိုင်း (၅)
တစ်ချိန်က ဟုန်းဟုန်းတောက် လောင်ကျွမ်းနေသည့် မီးတောက် မီးလျှံများ ကြားထဲတွင် သတိမေ့နေသော ဝမ်ချောင်နားမှာ မီးတောက်တွေ ပိုများလာပြီး ဝမ်ချောင်၏ မျက်နှာတစ်ခြမ်းပင် မီးအပူဟပ်ပြီး သွေးများနှင့် ရဲရဲတောက်နေခဲ့သည်။ ဂိုဒေါင်ထဲသို့ အမြန်ပြေးဝင်လာခဲ့သည့် ရှောင်ကျန့်က စဉ်းစားမနေပဲ သတိမေ့နေသော ဝမ်ချောင်ကို
စွဲထူပြီး ကယ်တင်ဖို့ ကြိုးစားခဲ့သည်။
ရှောင်ကျန့် နှင့် ဝမ်ချောင် အနောက်ဖေးပေါက် ဂိုဒေါင်ပြင် ရောက်ချိန်တွင် ဂိုဒေါင်တစ်ခုလုံး ပေါက်ကွဲသွားသည့် အရှိန်ကြောင့်နှစ်ယောက်သား တစ်နေရာစီ လွင့်ထွက်သွားချိန် ရှောင်ကျန့်တစ်ယောက် ဂိုဒေါင် နောက်ဖေး မနီးမဝေး ကပ်လျက်ရှိ ကျောက်တောင်နှင့် စောင့်မိပြီး သတိမေ့သွားခဲ့သည်။ သိပ်မကြာလိုက်ပါ။ ဝမ်ချောင် သတိရလာပြီး မျက်နှာတစ်ဖက် နာကျင်စွာ ခံစားရ၍အော်ဟစ်ညည်းညူနေရသည့် ကြားက ရှောင်ကျန့်ကိုမြင်လိုက်သည်နှင့် တပြိုင်တည်းမှာ သူထောင်နန်းမစံရဖို့တွက် နှုတ်ပိတ်ဖို့ရာ ချက်ချင်း ဘေးနားရှိ ကျောက်တုန်းကြီးကို မပြီး ရှောင်ကျန့် ခေါင်းကို
ထုဖို့ကြံရွယ်နေချိန် ရဲကားသံနှင့် မီးသတ်ကားသံများ ဆူညံစွာ ထွက်လာသည့်အတွက် ဝမ်ချောင် နာကျင်နေသည့် ပါးကို လက်ဖြင့်ကာ၍ နေရာမှထွက်ပြေးသွားခဲ့ရသည်။ ထိုနေ့က ကံကောင်းထောက်မစွာပင် ရှောင်ကျန့်ကို ယွီပင်း တစ်ယောက် မည်သူမျှမသိအောင် အချိန်မှီ ကယ်ထုတ်သွား နိုင်ခဲ့သည်။ပြင်းထန်သည့် မီးလျှံတွေကြားထဲ ထိတ်လန်စရာတွေနှင့် ကြုံခဲ့ရသည့် ရှောင်ကျန် တစ်ယောက်အိပ်နေရာက အလန့်တကြားနိုးလာခဲ့သည်။ အိမ်မက်ဆိုးတွေက တစ်ရက်မပြတ် တာဝန်ကျေပွန်စွာမက်နေတုန်းပါပဲ။ အိမ်မက်ဆိုးကြောင့် လန်းနိးလာသည့် ရှောင်ကျန့်၏ လက်ကလေးကို အသာအယာ ပုတ်ပေးပြီး ဘေးနားက စောင့်ကြည့်ပေးနေတဲ့ တစ်စုံတစ်ယောက်က ရှောင်ကျန့်၏ ဆံပင်လေးကို လက်ဖဝါးနုနုလေးဖြင့် ပွတ်သပ်ပေးလိုက်သည်။
YOU ARE READING
🐰🦁နွေဦးပုံပြင်🐰🦁
Fanfictionမိတ်ဆက် "ခင်ဗျားက ကျွန်တော့်ရဲ့ မပြည့်ဝခဲ့တဲ့ ဆုတောင်းလေးပါပဲ ကျန့်ကော" ညမှောင်မှောင် လရောင်အောက်က ဝရံတာလေးပေါ်မှာ လေပြေညင်းလေးကနေတဆင့် မျက်ရည်စတွေနဲ့ အတူ အမှာစကားတွေပါးနေမိသည့် ဝမ်ရိပေါ်လေးရဲ့ ရင်ဖွင့်သံတွေကို သက်ဆိုင်သူ ကျန့်ကော ကြားနိုင်မလားမသိ...