part(6) Unicode

314 34 0
                                    

🐰🦁နွေဦးပုံပြင်🦁🐰

အပိုင်း (၆)

ရှောင်ကျန့်တစ်ယောက် ဟိုက်ဝေးလမ်းမကြီး
ပေါ်တွင် ကားကို အရှိန်ကုန်သုံး၍ မောင်းနှင်နေသည်။ ထိုအချိန် ကားမောင်း‌နေရင်း ဖုန်းဝင်လာသည်မို့ လက်ခံစကားပြောလိုက်သည်။ ဖုန်းခေါ်သည့် လူက ယွီပင်း ပဲဖြစ်သည်။ အရမ်းအရေးကြီးနေသည်မို့  တည်ငြိမ်လွန်းခဲ့သည့် ရှောင်ကျန့် စကားပြောနေတာပင် အရမ်းစိတ်လောနေသည်။

                    "ပြော ယွီပင်း"

ရှောင်ကျန့်နည်းတူ ကားမောင်း‌နေသည့် ယွီပင်းကလည်း ဖုန်းပြောရင်းကနေ ကားနောက်ကြည့်မှန်မှ တဆင့် အနောက်ကပါလာသည့် အနက်ရောင်ကားကို  လှမ်းကြည့်ရင်း စကားဆက်ပြောလိုက်သည်။

                 "သခင်လေး.....ကျွန်တော့် ကားနောက် တစ်ယောက်ယောက် နောက်ယောင်ခံ လိုက်လာတယ် ထင်တယ်"

ယွီပင်း ၏ စကားကြားသည်နှင့် ရှောင်ကျန့်က ကားကို အာရုံ စိုက်မောင်းရင်း ပြန်ဖြေလိုက်သည်။

              "ဝမ်ချောင်ရဲ့ တပည့်တွေ ဖြစ်လောက်တယ်"

ယွီပင်း ကလည်း ဖုန်းပြောရင်းဖြင့် နောက်ကလိုက်လာသည့်ကားကို သတိမပျက် ကားနောက်ကြည့်မှန်က ကြည့်ရင်း ဆက်မောင်းလာခဲ့သည်။

               "ကျွန်တော် သူတို့မရိပ်မိအောင် ကားပတ်မောင်းနေမှာမို့ ဝမ်သခင်လေးကို သခင်လေးကပဲ သွားကယ်လိုက်ပါ"

ရှောင်ကျန့်တစ်‌ယောက် ယွီပင်း ၏ အစီစဉ်ကိုလက်ခံလိုက်သည်။

                " အစစအရာရာ ဂရုစိုက်..ယွီပင်း"

ဖုန်းနှင့် စကားပြောနေသည့်တိုင် ယွီပင်း ကတော့ သူ့သခင်လေးကို စိတ်ရင်းအမှန်ဖြင့် ရိုသေလေးစားချစ်ခင်သူပီပီ ခေါင်းညိတ်လိုက်ရင်း ရိုရိုသေသေ ပြန်ဖြေလိုက်သည်

           "သခင်လေးလည်း ဂရုစိုက်ပါ ....သူတို့ကို မျက်‌ခြေဖျက်ပြီး ကျွန်တော် အနောက်ကအမြန် လိုက်ခဲ့ပါ့မယ်"

နှစ်ယောက်သား တိုင်ပင်ပြီး ဖုန်းချလိုက်ကြသည်။ ယွီပင်း ကတော့ ကားပတ်မောင်းရင်း နောက်ကလိုက်လာသည့် ဝမ်ချောင်၏ တပည့်ကားကို လှည့်စားဖို့ ကြိုးစားနေသည်။ ရှောင်ကျန့်ကတော့ ဝမ်ရိပေါ်ဖုန်းGPSက အချက်ပြနေသည့် နေရာကို အရှိန်ကုန် မောင်းလာခဲ့သည်။ ၎င်းတွက် ယခုချိန်တွင် အရေးကြီးဆုံးက ဝမ်ရိပေါ် မဟုတ်ပါလား။
ညီမလေးရဲ့ ယာဉ်တိုက်မှုမှာ ဝမ်ချောင်က တရားခံဆိုတာကို ဝမ်ရိပေါ်က ရဲစခန်းတွင် သက်သေ လုပ်ထားခဲ့သည်။ ဝမ်ချောင်က မထူးဇာတ်ခင်းပြီး ဝမ်ရိပေါ်ကို အငြိုး ထားလိုက်လျှင် အသက် အန္တရာယ်ပေးမှာကိုစိုးရိမ်ရသည်မို့ အချိန်မှီ တားဆီးနိုင်ဖို့ အရေးကြီးသည်။ ရှောင်ကျန့်တစ်ယောက် ယွီပင်း ဆီက သိရသည့် GPS‌ကပြနေသော  လိပ်စာကို အမြန်ရောက်အောင် ခရီးနှင်ခဲ့လိုက်သည်။ ဂိုဒေါင် ထားရှိသည့် ကုမ္ပဏီဝင်းကြီးထဲသို့ ကားမောင်းဝင်ပြီးသည်နှင့် ဝမ်ရိပေါ်၏ ကားလေး ရပ်ထားသည်ကို မြင်လိုက်ရသည်။ ထိုနေရာမှာ ဝမ်ရိပေါ် ရှိနေတာတော့ သေချာနေပြီ။ ရှောင်ကျန့် တစ်ယောက် ကားတံခါးအမြန်ဖွင့်ပြီး ဝမ်ရိပေါ်၏ ကားနားသို့ ပြေးသွားပြီး လူရှိနေမလား ကြည့်ခဲ့သည်။ ကားထဲတွင် ဝမ်ရိပေါ်ကိုမတွေ့ရတော့ ရှောင်ကျန့် အရမ်းစိတ်ပူသွားပြီး အပြေးအလွှား လိုက်ရှာခဲ့သည်။  သို့သော်လည်း ယခုထိ ဝမ်ရိပေါ်ကို  ရှာမ‌တွေ့ခဲ့ပေ။နောက်ဆုံးနှစ်ခန်းသာ ကျန်တော့ သည်။

🐰🦁နွေဦးပုံပြင်🐰🦁Donde viven las historias. Descúbrelo ahora