🐰🦁🐰🦁 နွေဦးပုံပြင် 🐰🦁🐰🦁
အပိုင်း (၃)
လေ့ကျင့်ရေး ခန်းမထဲတွင် ဂီတသံစဉ်များ နှင့် အတူ လှပပြီး ထူးခြားဆွဲဆောင်နိုင်သည့် ကကွက်ဆန်းများအား ချွေးများ ရေချိုးထားသကဲ့သို့ ဖြစ်နေသည်တိုင်အောင် မနားတမ်း လေ့ကျင့်နေသည့် ဝမ်ရိပေါ် တစ်ယောက် မိမိကိုယ့်ကိုကိုယ် ညှင်းပန်းနှိပ်ဆက်နေ သလား ဟုပင် ထင်ရသည်။ ၎င်း၏ ကကွက်များတွင် ဒေါသနှင့် ပေါက်ကွဲမှုများ ရောယှက်နေခဲ့သည်။ ခန်းမတစ်နေရာတွင် ရပ်ကြည့် စောင့်ရှောက်နေသည့် သက်တော်စောင့် အသစ် ယွီပင်းကတော့ ရပ်ကြည့်နေရုံမှအပ မည်သို့မျှမတတ်နိုင်ရှာပေ။ ကကွက်တွေ တစ်မျိုးပြီး တစ်မျိုး လေ့ကျင့်နေသည့်တိုင် ဝမ်ရိပေါ်၏ စိတ်ကတော့ မနက်က ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးပေါ်၌ စိတ်မကျေမနပ် ဖြစ်နေခဲ့သည်။
မနက်က ခြံဝင်းထဲကနေ ပြေးထွက်ပြီး တစ်စုံတစ်ယောက်နောက် ပြေးလိုက်ခဲ့စဉ်
ရှောင်ကျန့်ဆိုသည့် အတွေးနှင့် ထိုလူ၏ ပခုံးကနေလှမ်းဆွဲပြီး ထိုလူ့မျက်နှာက mask ကို ဖွင့်ကြည့်ခဲ့ချိန်တွင် သူမြင်တွေလိုက်ရသော မျက်နှာက ရှောင်ကျန့် မျက်နှာမဟုတ်ခဲ့၍ သူ့ခမျာ တစ်ဖက်လူအပြစ်တင် ပြောဆိုသွားသည်ကိုပင် မမှုနိုင်ပဲ့ စိတ်ဓာတ်ကျ၍ ခေါင်းငိုက်စိုက်ပြန်ခဲ့ရသည်။"ခင်ဗျား မျက်လုံးတွေဆိုတာ သေချာနေရက်နဲ့"
ဒီစကားတွေပဲ အတွေးစိတ်ကူးတွေထဲမှာ ထပ်ခါ ထပ်ခါ ပြောနေမိရင်းဖြင့် ဝမ်ရိပေါ် ကုန်းအော်မိသည်။
"ဘာလို့လဲ....ဘာလို့လဲ...ဘာလို့ပုန်းနေတာလဲ....အား ..."
နာကျင်နေသည့် ကြုံးဝါးသံနှင့်အတူ ကနေခြင်းကိုပါရပ်ပြီး မျက်ရည်စများနှင့် ဒူးထောက်ထိုင်ချ ပေါက်ကွဲ ငိုကြွေးလိုက်သည့် ဝမ်ရိပေါ်အဖြစ်ကို ယွီပင်းတစ်ယောက် တားဆီးနှစ်သိမ့်ပေးဖို့ ခြေတစ်လှမ်းတိုးလာပြီးမှ တစ်စုံ တစ်ခုကို စဉ်းစားမိပြီး ခြေလှမ်းဆုတ်၍ အခန်းပြင်ဘက် ထွက်လာကာ တစ်စုံတစ် ယောက်ကို ဖုန်းဆက်နေခဲ့သည်။
ဝမ်ရိပေါ်ကတော့ မျက်ရည်များဖြင့် ကြမ်းပြင်ကို မနားတမ်း လက်သီးဖြင့် ထိုးပြီး ပေါက်ကွဲနေခဲ့သည်။ ဝမ်ရိပေါ် ဒေါသများအား ခဏ ရပ်လိုက်ပြီး မဲ့ပြုံးတစ်ချက်နဲ့အတူ မကျေနပ်ချက်တွေ ထိုင်ရွတ်နေခဲ့သည်။

YOU ARE READING
🐰🦁နွေဦးပုံပြင်🐰🦁
Fanfictionမိတ်ဆက် "ခင်ဗျားက ကျွန်တော့်ရဲ့ မပြည့်ဝခဲ့တဲ့ ဆုတောင်းလေးပါပဲ ကျန့်ကော" ညမှောင်မှောင် လရောင်အောက်က ဝရံတာလေးပေါ်မှာ လေပြေညင်းလေးကနေတဆင့် မျက်ရည်စတွေနဲ့ အတူ အမှာစကားတွေပါးနေမိသည့် ဝမ်ရိပေါ်လေးရဲ့ ရင်ဖွင့်သံတွေကို သက်ဆိုင်သူ ကျန့်ကော ကြားနိုင်မလားမသိ...