ပထမဆုံးအထက်တန်းကျောင်းကိုစတက်တော့ရတော့မည့်နေ့
ဖြစ်သဖြင့် မင်အယ် စိတ်တွေလှုပ်ရှားနေခဲ့သည်။အရင်ကျောင်းတုန်းကလို သူငယ်ချင်းတွေအများကြီးရှိပါ့မလား။သူငယ်ချင်းတွေရော
သူ့အတွက်ရှိပါ့မလား ဟူး...သူအစစအရာရာတွေးရင်းစိတ်ပူ
ကာကြောက်လန့်နေရသည်။ ဘာပဲဖြစ်ဖြစ်လေ သူ့လိုပဲကျောင်းပြောင်းလာတဲ့သူတွေလဲရှိနေနိုင်တာပဲ မွေးရပ်မြေမဟုတ်ပေမဲ့လို့ပေါ့။ သူကျောင်းထဲကိုခြေချလိုက်
ကတည်းက ဝူရှင်းအထက်တန်းကျောင်း၏ခန့်ညားလှတဲ့ အငွေ့အသက်တွေကိုသူခံစားလိုက်ရသည်။အင်းလေ ဒါကြောင့်လည်း တခြားသောမြို့တွေကြားထဲမှာကိုဒီကျောင်း
ဟာကျော်ကြားတာကိုး။သူ့ရဲ့အဓိကရည်ရွယ်ချက်က ဒီကျောင်းကနေထွက်ပြီး အလုပ်ကောင်းကောင်းရဖို့ ပထမအချက်ပေါ့ ။ဒုတိယအချက်ကတော့ဒီကျောင်းမှာ
Basketballကွင်း ကောင်းကောင်းရှိလို့ပါပဲ။သူ basketball
ကစားရတာကိုဝါသနာပါသည်။သူ့ရောဂါအခြေအနေကြောင့်
သာမကစားခဲ့ရပေ။ နှလုံးရောဂါ သူ့အတွက်တော့တော်တော်
ဆိုးသည့်ရောဂါပေါ့ ။သူ့ဘ၀တစ်လျှောက်လုံးဆေးတွေနှင့်
ရှင်သန်လာခဲ့ရသည်။ဘယ်တော့မှ ဆေးသောက်ပြတ်ရသည်ကိုမရှိပေ။ သူခြေလှမ်းတွေက
ဆရာများရုံးခန်းဆီသို့ပင်။
"အထက်တန်းပထမနှစ်ကျောင်းသားပါခင်ဗျ "
"အာ..ဟိုးဘက်ကဆရာဆီကိုသွားပေးနော်"
"ဟုတ်ကဲ့"
၀င်ပေါက်မှတွေ့သည့်ဆရာမကိုမေးပြီး သူ့အတန်းပိုင်ဟုထင်ရသည့် ဆရာဆီကိုသူလျှောက်လာခဲ့လေ
သည်။
"နာမည်"
"ရှစ်မင်အယ်ပါ"
"အင်း..ဆုတွေရဖူးတယ်ဆိုတော့စာတော်သားပဲ ဒါပေမဲ့ရောဂါ
ကြောင့်အားကစားမပါဖူးပူးနော် ဟုတ်လား"
",မှန်ပါတယ်ဆရာ ဒါပေမဲ့ကျွန်တော်ဝါသနာပါ ပါတယ်"
"ဟုတ်ပါပြီ ခုတော့ကျောင်း၀တ်စုံကြေးတွေအရင်သွင်းလိုက်
ပါဦး 35000ပါ "
"ဟုတ်ကဲ့ဆရာ ဒီမှာပါ "
"ကဲ ၀တ်စုံသွားကြည့်ပြီးအတန်း၀င်ကြတာပေါ့ "
"ဟုတ်ကဲ့ဆရာ"
ဆရာကရှေ့မှဦးဆောင်ကာ သူ့ကို၀တ်စုံလဲစေကာ စာသင်ခန်းဆီသို့ လာခဲ့လေတော့သည်။ ဆရာ၀င်သွားတော့
သူအခန်းပြင်မှာခဏရပ်နေခဲ့ရသေးသည်။
"ကဲ..ကိုယ့်နေရာကိုထိုင်မယ် ဆရာပြောစရာရှိတယ် "
"ဟုတ်ကဲ့" ပထမနှစ်တွေဆိုတော့ အားလုံးကသွက်လက်ပြီး
လိမ္မာရေးခြားရှိနေကြလေသည်။(A/N🌚မဖြစ်နိုင်ပူး မဖြစ်နိုင်ပူး)
"ဒီနေ့ ကျောင်းသားအသစ်ရောက်တယ် သူငယ်ချင်းကို
မိတ်ဆက်ပေးမလို့ ကျောင်းသားသစ် ၀င်လာခဲ့ပါ"
သူဆရာ့ခေါ်သံကြောင့်အခန်းထဲကို၀င်သွားတော့
"Wow !!ချစ်ဖို့ကောင်းလိုက်တာ "
"ချောလိုက်တာ မင်းသားလေးလားသူက "
"အား နှုတ်ခမ်းလေးတွေကိုရဲနေတာပဲ ငါကိုက်ပစ်ချင်လာပြီ"
မိန်းကလေးများမှ အသံမျိုးစုံဖြင့် အခြေအနေတော်တော်ဆိုး
နေသောကြောင့်
"ကဲ ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်ပါဦး"
" အားလုံးပဲတွေ့ရတာ၀မ်းသာပါတယ် ရှစ်မင်အယ်ပါ အားလုံးနဲ့ရင်းရင်းနှီးနှီးပျော်ပျော်ရွှင်ရွှင်နဲ့ တခန်းထဲနေသွား
ချင်ပါတယ် ကူညီပေးကြပါဦး "
သူလဲမိတ်ဆက်အပြီးတွင်တော့
"ဒါပေါ့ဒါပေါ့ ကူညီမှာပေါ့ ရင်းနှီးပေးမှာပေါ့ "
"ရင်းနှီးတာထက်ကိုပိုပြီးနေသွားမှာပါလို့"
"ကဲ ရှစ်မင်အယ် ဟိုးနောက်တခုံရဲ့ရှေ့မှာလွတ်တယ် တွေ့တယ်ဟုတ် အ့မှာ ချောင်ဖုန်း ဘေးနားမှာထိုင်လိုက်"
"ဟုတ်ကဲ့"
သူချောင်ဖုန်းဆိုသည့် သူတစ်ယောက်ဘေးမှာ၀င်ထိုင်လိုက်
လေသည်။ဟူး...ဒီနေ့ကစပြီး သူကျောင်းတက်နေသည့်
တလျှောက်လုံး ဒီနေရာသည်သူ့နေရာပင် ။
ဘေးမှ
"အဟမ်း ငါက ချောင်ဖုန်းပါ တွေ့ရသာ၀မ်းသာပါတယ်"
"ဟုတ် "
" မင်းက ချစ်စရာကောင်းသားပဲ"
"ဟင်!!"
ဘလိုခံစားချက်ကြီးလဲ ယောက်ျားလေးတစ်ယောက်က သူ့ကို
ချစ်ဖို့ကောင်းတယ်တဲ့။ဘလိုဟာသမျိုးလဲ??.
"ဟုတ်တယ် မင်းက တကယ်ချစ်ဖို့ကောင်းတယ်သိလား
ငါတကယ်ပြောနေတာငါ့ကခင်မင်ရင်းနှီးချင်လို့နော်
မင်းအဖော်မရှိမှာစိုးလို့ မင်း မင်းငါ့ကိုအက်လိုတော့မကြည့်
ပါနဲ့ ဟုတ်ပီလား"
"အော် ..ဟုတ်ပြီ ဒါဆို ငါတို့သူငယ်ချင်းလုပ်ကြတာပေါ့"
"အင်း ."
ဒီလိုနဲ့စာသင်ချိန်တွေကရောက်လာသဖြင့် စာသင်ပြီးနေ့လည်စာ စားချိန်ရောက်လာလေရဲ့။
"မင်အယ် နေ့လည်စာသွားစားမယ် လာငါနဲ့တူတူသွားမယ်"
"အင်း "
"ဒီမှာ မင်းဒီကျောင်းအကြောင်းကိုသိချင်ရင် ငါ့ကိုပဲမေး ငါ့
လောက်ဘယ်သူမှမသိပူး "
"အင်း " တကယ်တော့ချောင်ဖုန်း ကခင်ဖို့ကောင်းသလို ရင်းနှီးတာလဲလွယ်တယ် ။ပြီးတော့သူမသိတာလဲမရှ်ိပေ။
စကားများတာကချွင်းချက်ပေါ့။
"ဒီမှာထိုင် ဒီနားလေးကရှုခင်းကောင်းတယ် ကောင်မလေး
တွေချောချောလေးတွေလာသလို စီနီယာချောချောလေးတွေ
လဲလာတယ် "
"စီနီယာချောချောလေးတွေ ဟုတ်လားချောင်ဖုန်း"
"အင်း "သူကအေးဆေးပဲစားရင်းပြန်ပြောလေသည်။
"ဘာလို့ယောကျာ်းလေးချင်းကိုငေးရတာလဲ?"
သူကနားမလည်သဖြင့်ပြန်မေးမိတော့
ထိုစဉ်
"အား..စီနီယာတွေလာပြီ "
နေပါဦး ဒါကယောကျာ်းလေး တယောက်အော်သံပဲ။
"အ့လောက်တောင်ပဲလား"
"မင်းကြည့်နေလိုက် မင်အယ်"
သူကြည့်မိလိုက်တော့ လူမိုက်တွေလိုလို ဂိုဏ်းစတားတွေလို
ပုံစံနဲ့သုံးယောက် မဟုတ်ပူး ငါးယောက် ကောင်မလေးနှစ်ယောက်ပါ ပါသေးတာ သူတို့ကစီနီယာတွေပေါ့ ။ချောကြပါတယ် ချောကြပါတယ်။
အလယ်ကတယောက်ကတော့ အရပ်ရှည်လွန်းသောကြောင့်
ထင်းလွန်းနေသည်။ထို့ပြင်အ့တယောက်ကချောလဲချောတာကိုး။
"အလယ်ဆုံးကတယောက်က မိုက်တယ်မလား သူpopular
အဖြစ်ဆုံးပဲ ကစားတာလဲတော်တယ်လေ basketball "
Basketballဆိုသည့်စကားကြောင့် သူတန့်သွားမိသည်။
"Basketball"
"အင်း အရမ်းတော်တာသူပါတဲ့ပွဲဆို လူစီတယ် နှစ်တိုင်းပဲ"
" ငါ ဖျော်ရည်သွားယူလိုက်ဦးမယ် "
သူစားပွဲမှထလာကာ ဖျော်ရည်ထုတ်စက်ဆီသို့ ..
သူသောက်နေကျ စတော်ဘယ်ရီဒိန်ချဉ်ကို ထုတ်ပြီး လှည့်
လိုက်စဉ် ရင်ခွင်ကျယ်ကြီးတခုနှင့်တိုက်မိလေသည်။
"အ့!"
လူတွေကသူ့ကိုဝိုင်းကြည့်နေသည်ဟု သူခံစားလာရလေသည်။ ထို့ကြောင့် မြန်မြန်ပဲဖျော်ရည်ထုတ်စက်နှင့်ကျောချင်းကပ်သွားလေတော့
သည်။ သူမော့ကြည့်လိုက်တော့ ခုနကလူ။
" မင်းက ဘယ်သူလဲ ကျောင်းသားသစ်လား"
"တောင်း တောင်းပန်ပါတယ် ကျွန်တော်မမြင်လိုက်လို့ပါ
သွားခွင့်ပြုပါဦး စီနီယာ "
သူထွက်သွားမည်ပြုစဉ် သူ့လက်ကိုဆွဲကာဖမ်းလိုက်ရင်း
"နေဦး မင်းလက်ထဲက ဒိန်ချဉ်ဗူး ကိုထားခဲ့ "
"ဗျာ ကျွန်တော့် ကျွန်တော့် ဒိန်ချဉ်လေဗျာ စီနီယာ"
"မင်းဒီကိုမလာခင် ဒီကျောင်းအကြောင်းကို မစုံစမ်းထားပူး
လား စီနီယာတွေရဲ့ ဖျော်ရည်ဗူးတွေကို ယူသောက်ခွင့် မရှိ
ပူးဆိုတာတွေ "
ဘာလား။ဒီလိုစည်းကမ်းတွေရှိသေးတာလား။သူလဲမသိရပါလား ကျောင်းစည်းကမ်းမှာလဲမတွေ့မိပါပူး။
သူအူကြောင်ကြောင်ရပ်နေစဉ် သူ့လက်ထဲမှဖျော်ရည်မှာ
စီနီယာလက်ထဲသို့ရောက်သွားနှင့်နေပြီးဖြစ်လေသည်။
အား.......စိတ်ထိန်း...စိတ်လျှော့ မင်အယ်....
ထိုစဉ် သူ့လတ်ပတ်မှ နှလုံးခုန်စက်မှ
"တီ ...တီ...တီ...တီ..."
ထမြည်လာလေရဲ့...။စိတ်လျှော့ထား စိတ်လျှော့ထား မင်အယ် ဘာမှမဖြစ်ပူး ။ သူ့ကိုချုပ်ထားသည့်စီနီယာလက်ကို ရုန်းလွတ်ရင်း
ချောင်ဖုန်းကိုလက်ဆွဲကာ ကန်တင်းမှထွက်ခဲ့တော့သည်။

YOU ARE READING
The only one!! (Complete)
RomanceNot translation.Own Creation. Both Unicode and Zawgyi. စိတ်ကူးသပ်သပ်ဖြင့်သာရေးသားထားခြင်းဖြစ်၍ ဗဟုသုတအနည်းငယ်မျှပါမည်မဟုတ်ချေ။