"Hyung....... "
ခြံထဲကားရပ်ရပ်ချင်း သူ့ရဲ့ကလေးက သူ့ကားနားကို ပြေးလာမှ သူသတိရသည်... Jimin ကို အာရုံထားနေတာနဲ့ ကလေးအတွက် cake သူမေ့ခဲ့လေပြီ
"Hyung... Cake ရော.... Hyung နောက်ကျတယ်နော်"
ပါးစပ်ကလဲ တတွတ်တွတ်ပြောရင်း ကလေးက ကားရဲ့တစ်ဖက်ခြမ်းကို သွားကာ တံခါးဆွဲဖွင့်လိုက်သည်...
"Cake... e.. ဘယ်သူလဲ"
Jimin က ကားထဲကနေ ကုတ်ကုတ်လေးထွက်လာသည်.. ကလေးကတော့ အူကြောင်ကြောင်နှင့် သူ့ကိုကြည့်လိုက် Jimin ကို ကြည့်လိုက်နှင့်...
"လာ အိမ်ထဲရောက်မှ Hyung ရှင်းပြမယ် အထဲအရင်ဝင်ရအောင်"
အိမ်ထဲရောက်သည်ထိ ကလေးက သူ့နားလေးကမခွာပဲ အတင်းပူကပ်နေသည်... ဒီကလေး အရမ်းကို သိချင်နေပြီလေ..
"ခနနော်ကလေး ထမင်းစားခန်းထဲကစောင့်နေ.. Hyung Jimin ကို အင်္ကျီလဲဖို့ ပေးလိုက်အုန်းမယ် .... လာ Jimin နောက်က လိုက်ခဲ့"
ပြောပြောဆိုဆိုနှင့် သူဦးဆောင်ရာနောက်သို့ Jimin က လိုက်ပါလာခဲ့သည်.. အောက်ထပ်က ကလေးကတော့ သိချင်စိတ်များဖြင့် သူတို့ကို အပေါ်ထပ်ရောက်သည်ထိ ရပ်ကြည့်နေသည်..
သူ Jimin ကိုသူ့အခန်းထဲခေါ်သွားလိုက်ပြီး လဲစရာ အဝတ်ထုတ်ပေးကာ လဲပြီး အောက်ဆင်းလာဖို့မှာပြီး သူအရင်ဆင်းခဲ့လိုက်သည်... အဝတ်လဲနေချိန် သူရှိနေရင် အနေခက်နေမှာဆိုးသောကြောင့်ပင်
သူဆင်းလာတာမြင်တော့ ကလေးက ပြေးလာပြီး ဇွတ်မေးတော့သည်.. သူလဲအကုန်ရှင်းပြလိုက်သည်...
"Jimin သနားပါတယ်... သူအရမ်းအထီးကျန်မှာပဲနော်"
"ဘာလို့လဲ? "
"ဟုတ်တယ်လေ သူ့ကို စိတ်ရင်းအမှန်နဲ့ ချစ်တဲ့သူတွေမှ မရှိကြတာ... ကျွန်တော်ဆို မိဘတွေမရှိတော့ပေမယ့် ကျွန်တော့်ကို ချစ်ပြီး အလိုလိုက်တဲ့ Hyung ရှိတယ်လေ"
ကလေးစကားကြောင့် သူပြုံးမိရပြန်သည်... တော်ပါသေးရဲ့ သူပေးတဲ့ မေတ္တာတွေက ကလေးအတွက် လုံလောက်လို့
Jimin အဝတ်စားလဲပြီးဆင်းလာတော့ သူတို့ ထမင်းစားခန်းထဲဝင်ကာ ညစာအတူတူစားကြသည်..