ခေါင်းရင်း ပြတင်းပေါက်ကတဆင့် ဝင်လာတဲ့ နေရောင်ခြည်ကြောင့် အိပ်နေရာမှ နိုးလာခဲ့မိသည်...
သူ့ရဲ့ ဘေးဘက်ကို ကြည့်မိတော့ သူ့ရဲ့ အချစ်ဆုံး ၂ယောက်မရှိနိုင်တဲ့ သူ့ရဲ့ ကလေးက အိပ်မောကျနေတုန်း..
မနေ့ညက ကလေးက တစ်ယောက်တည်း မအိပ်ချင်ဟုဆိုတာမို့ သူ့အခန်းထဲ ကလေးကို ခေါ်သိပ်ထားရခြင်းဖြစ်သည်..
သူထမယ်ကြံတော့ သူ့ရဲ့လက်တစ်ဖက်ကို ကလေးက အိပ်ချင်မူးတူးဖြင့် ခပ်တင်းတင်းဆွဲထားတာကြောင့် သူပြုံးလိုက်မိသည်... ဒီကလေး သူ့ကိုဖက်လုံးနဲ့ မှားနေလားပဲ...
သူ့လက်ကို အတင်းဆွဲထားတဲ့ကလေးလက်ကို ခွာချလိုက်တော့ ကလေးက အင်းကနဲ သံရှည်ဆွဲကာ မျက်လုံးတွေကို ပွတ်သပ်ပြီး နိုးလာသည်.....
"နိုးပြီလား Hyung ရဲ့ ကလေးလေး.. အိပ်ချင်ဆက်အိပ်လေ Hyung က အလုပ်သွားရမှာမို့ စောစောထတာ"
"Hyung............... "
ပျင်းကြောဆန့်ရင်း သူ့ကို သံရှည်ဆွဲနေတဲ့ကလေးကို သူအူယားစွာ နဖူးလေးနမ်းမိသည်...
"ပြောလေ ကလေးရဲ့ "
"Hyung စောစောပြန်လာခဲ့... ကျွန်တော်လဲ ဒီနေ့ သင်တန်းကနေ စောစောပြန်လာမယ်.. ညစာ တူတူမစားရတာ ကြာပြီ"
"Omm.... Hyung စောစောပြန်လာခဲ့မယ်.. အပြန်လဲ ကလေးကြိုက်တဲ့ pizza ဝယ်လာခဲ့မယ်.. Hyung နောက်ကျတော့မယ်... ကလေး စောစောပြီးလဲ Hyung ကို မစောင့်ပဲ မနက်စာစားလိုက်တော့ Hyung ရေချိုးတော့မယ်"
ပြောလဲပြော လက်ကလဲ တဘက်ကို ဆွဲလျက် ရေချိုးခန်းထဲ ပြေးဝင်သွားသည်.....
သူရေချိုးပြင်ဆင်ပြီး ရုံးသွားဖို့ရာ ပြင်ဆင်တော့ အင်္ကျီက အထူးတလည်ရွေးစရာမလို အကုန်အနက်ရောင်ဖြစ်နေတာမို့
သူ့အခန်းတစ်ခုလုံး အနက်ရောင်တွေနဲ့သာ ပြည့်နှက်နေသည်.. သူစီးတဲ့ကားက အစ အတွင်းခံ အဆုံး အနက်ရောင်သာ သူသုံးဖြစ်သည်....
သူအောက်ထပ်ဆင်းလာတော့ ကလေးက မနက်စာစားပြီး သင်တန်းတောင်သွားနှင့်ပြီမို့ သူမနက်စာ မစားတော့ပဲ သူ့ရဲ့ပြိုင်ကားအနက်ရောင်လေးပေါ် တက်ကာ company ကိုမောင်းခဲ့လိုက်သည်...