သင်တန်းမှာ သူအလုပ်လုပ်နေပေမယ့်... သူ့စိတ်တွေက ဖုန်းကိုသာ ရောက်နေမိသည်.... Jimin hyung မှ သက်သာရဲ့လား တွေးပြီး သူစိတ်ပူနေမိသည်... Yoon Gi Hyung ရော ရှိနေတယ်ဆိုပေမယ့်... စိတ်ကလက်တစ်ဆစ်သမား တစ်ခါတစ်လေ သဘောကောင်းပြီး တစ်ခါတစိလေကြတော့လဲ လက်ပေါက်ကပ်တာမို့ နေမကောင်းတဲ့သူနဲ့ အဆင်ပြေပါ့မလား တွေးပူနေမိသည်...ဒါပေမယ့်လဲ Yoon Gi Hyung က စိတ်ရင်းတော့ ကောင်းရှာပါသည်...
"Hey.... Jung Kook ဘာတွေတွေးနေတာလဲ"
သူ့ဘေးနားကိုလာကာ မေးလိုက်တဲ့သူကို သူလှည့်ကာ အရိုအသေပေးလိုက်သည်..
"ကျွန်တော် နည်းနည်းအတွေးလွန်သွားလို့ပါ တောင်းပန်ပါတယ် ဆရာ"
သူခါးကို မတ်ကာပြန်ကြည့်လိုက်တော့ ဆရာဘေးမှာ အတော်ကို ချောတဲ့ကောင်လေးတစ်ယောက်... မျက်နှာက ကြွေရုပ်လေးလို ထိရက်စရာ မရှိပဲ အချိုးအစားကြလှသည်.. ယောကျ်ားတစ်ယောက်ရဲ့ ချောမောမှူက သူ့မျက်နှာပေါ်မှာ အပြည့်....
"မင်းကို ဆရာ အကူအညီတောင်းမလို့... ဒါဆရာ့မိတ်ဆွေရဲ့သား Kim Tae Hyung တဲ့ သူက Photographer လေ... သူ့ရဲ့ project အတွက် တိုက်ကွမ်ဒိုကစားသမားတစ်ယောက်ရဲ့ ပုံရိပ်ကို ရိုက်ချင်လို့ မင်း model လုပ်ပေးနိုင်မလား"
"အမ်.... အာ့တာကလေ... ဟို... "
သူဖြေရခက်ဖြစ်နေတုန်းမှာ Kim Tae Hyung က ဝင်ပြောသည်....
"ရှက်စရာသိပ်မလိုပါဘူး ကိုယ်က Project အတွက်ပဲ သုံးမှာပါ Public မှာ မတင်တာမို့ စိတ်ပူစရာမလိုပါဘူး"
"ဒါပေမယ့်ဆရာ... ကျွန်တော့်သင်တန်းသားတွေ.... "
"ဒါက စိတ်ပူစရာမလိုပါဘူး... အခုရိုက်ရမှာမှ မဟုတ်တာ.. အားတဲ့ရက်ချိန်းကြလေ ဘယ်လိုလေ အဆင်ပြေတယ်မလား"
ဆရာကိုယ်တိုင်ကပါ အားတက်သရော ထောက်ခံနေတာမို့ သူမငြင်းသာတော့ပဲ ခေါင်းငြိမ့်လိုက်တော့... ကိုယ်တော်ချောက ကျေနပ်တဲ့ အပြုံးဖြင့် ပြုံးပြလေသည်.. ထိုအခိုက် လက်ဝဲရင်ဘက်က တစ်ချက် ခုန်သွားလေသည်
Jung Kook နာရီကို ကြည့်လိုက်တော့ နေ့လည် ၁၁နာရီခွဲ နေပြီမို့ သူနေ့လည်စာစားရန် မြန်မြန်လဲလိုက်လေသည်... တိုက်ကွမ်ဒိုနည်းပြက သူ့ရဲ့ အချိန်ပိုင်း အလုပ်ဖြစ်၍ Dance Class က သူ့ရဲ့ ဝါသနာအရ တက်ရောက်နေသော ကျောင်းဖြစ်လေသည်..