P-10

1.5K 176 0
                                    

"Hyung...  ဟိုဘက်ခန....  "

"အသားတွေကျန်သေးတယ် Hyung ရဲ့ ဟိုဘက်ပြန်သွားမယ်"

"Ah..  Wine မေ့ပြန်ပြီ"

ရှေ့မှ ပွစိပွစိနဲ့ တစ်ယောက်တည်းပြောကာ.. Mart ထဲမှာ ဟိုဘက်ကူးလိုက် ဒီကူးလိုက် လုပ်နေတဲ့ Jimin နောက်ကို Yoon Gi မှာ ခြင်းလေးတွန်းကာ လိုက်နေရသည်.. 

သူတို့နှစ်ယောက်ရဲ့ လက်ထပ်ပွဲကို Jimin က သူကိုယ်တိုင် ချက်ပြီး dinner party လုပ်ချင်တယ် ဆိုတာမို့ လိုတာတွေကို Yoon Gi က လိုက်ဝယ်ပေးနေရသည်... 

အချိန်အတော်ကြာအောင် ခြင်းတွန်းပြီး လိုက်နေရပေမယ့် ငြိုငြင်မှု တစ်စက်မှမရှိ... ချစ်ရတဲ့သူ လုပ်ချင်ရာလုပ်ပြီး ပျော်နေတာမြင်တော့ ကျေနပ်တာပဲလေ.. ကိုယ်ဘယ်လောက်ပဲ စိတ်ညစ်နေနေ ချစ်ရတဲ့သူရဲ့ အပြုံးက ကိုယ့်ကိုပါ မကောင်းတဲ့ စိတ်အခြေအနေမှာတောင် ပြုံးလာ. စေနိုင်တယ်မလား... 

ရုတ်တရက် ရှေ့ကသွားနေတဲ့ ကောင်လေးရပ်သွားတာမို့ သူပါ ရပ်လိုက်ပြီး ကောင်လေးငေးနေရာကို ကြည့်လိုက်တော့ ပြုံးပြီးလျောက်လာတဲ့ သူ့ပထွေး...  လျင်မြန်စွာပဲ Jimin လက်ကိုဆွဲကာ သူ့အနောက်ကို ပို့ထားလိုက်သည်... 

"မတွေ့တာကြာပြီမို့ ... လာနှုတ်ဆက်တာ..  စိတ်တွေချမ်းသာနေသလိုပဲ..  ဝလာတယ်နော်"

ရွဲ့သလိုလို ခနဲ့သလိုလိုနဲ့ လာနှုတ်ဆက်နေတဲ့ ပထွေးကို သူ လက်သီးတွေသာ ပစ်ကျွေးမိချင်သည်... 

"ခင်များနဲ့ မဆိုင်တာတွေ ပြောမနေပဲ ကိုယ့်လမ်းကို သွားပါ"

သူ့နောက်ကနေ သူ့ခါးကို ဖက်လာတဲ့  Jimin လက်ကို သူတင်းကြပ်စွာ ကိုင်ထားပေးလိုက်သည်...  စိတ်ချ ကိုယ်မင်းအနားမှာ ရှိနေသမျှ..  မင်းကို ဘယ်သူမှ မထိခိုက်စေရဘူး

"Oppa..... "

ချွဲချွဲနွဲ့နွဲ့ခေါ်ကာ Jimin ပထွေးကို လက်မောင်းလာဖက်တဲ့ တစ်ယောက်ကြောင့် အနောက်က Jimin ဆီကနေ အာမေဋိတ်သံလေး ထွက်လာတာ သူကြားလိုက်မိသည်.. 

"မကြာခင်ပဲ...  ဘယ်လိုနေနေ ငါ့ဆီပြန်လာရတော့မှာဆိုတော့ မင်းသိထားသင့်တယ် ထင်လို့..  ဒါက ငါ့ရဲ့ မိန်းမပဲ.. "

First Time (Unicoad Ver) Where stories live. Discover now