လေတွေ တစ်ဖြူးဖြူးတိုက်ခတ်ပြီး စိမ်းစိုနေတဲ့ တောင်ကုန်း ငယ်လေးတစ်ခုပေါ်မှာ ပန်းခင်းတွေ အများကြီးနဲ့ သစ်သားအိမ်လေးတစ်လုံး...
ပန်းခင်းတွေကြားထဲ ကောင်လေးတစ်ယောက်နဲ့ ကလေးငယ်လေး. တစ်ယောက်က ပြေးလွှားဆော့ကစားနေပြီး နောက်ထပ် ကောင်ငယ်လေး တစ်ယောက်ကတော့ ပန်းခင်အပြင်ကနေ ကင်မရာလေး တစ်လုံးနှင့် အမှတ်တရတွေကို မှတ်တမ်းတင်နေသည်...
"Hyung...... လာခဲ့လေ"
ပန်းခင်းထဲကနေ သူ့ကို လက်ရက်လှမ်းခေါ်နေတဲ့ ပုပုလုံးလုံးလေးက သူနဲ့စတွေ့တုန်းကလိုပင် ချစ်စရာကောင်းတုန်း ....
သူပြုံးပြကာ ပန်းခင်းထဲ တိုးဝင်လာတော့ သူ့ရဲ့ သမီးလေး Yoon Ji က သူ့ခါးကို ပြေးဖက်သည်.. သူလဲ သမီးလေးကို ပွေ့ချီကာ ပြုံးပြီးကြည့်နေတဲ့ သူ့ရဲ့ ချစ်ရသူဆီကို ဆက်သွားလိုက်သည်...
"Hyung ကလဲ ပန်းခင်း အပြင်မှာရပ်ပြီး ဘာလုပ်နေတာလဲ... "
လက်ထဲက camera ကို မြှောက်ပြလိုက်ကာ
"ဓာတ်ဖမ်းနေတာလေ... မျောက်ကလေးနဲ့ ဝက်လေးကို"
သူ့စကားကြောင့် Jimin က သူ့ရဲ့လက်သေးသေးလေး တွေနဲ့ သူ့ပုခုံးကို တဘုန်းဘုန်း ရိုက်တော့သည်...
"Appa သမီးနဲ့ ခနလိုက်ခဲ့"
Yoon Ji လေးက သူ့လက်ကို လှမ်းဆွဲပြီး ပန်းခင်းတွေရဲ့ ထောင့်အကျဆုံး တစ်နေရာကို ခေါ်သွားသည်...
"ဘာလဲ Jiji လေး"
"သမီးကို ဟိုနားကပန်းလေး ခူးပေး"
Jiji ကို Yoon Gi အနီးနားက ပန်းလေးတစ်ပွင့် ဆွဲခူးပေးလိုက်သည်..
"Appa ကလဲ ဟိုနားလေးက ခရမ်းရောင်ပန်းလေးကို ပြောတာ... ဒီပန်းအနီရောင်ကြီး မဟုတ်ပါဘူး"
Jiji စကားကြောင့် နောက်တစ်ပွင့် ထပ်ခူးပေးမယ့် လက်တွေ ရပ်သွားကာ မျက်နှာလည်း ပျက်သွားခဲ့သည်...
"Jiji လေးကလဲ လိုချင် Papa ကို ပြောပေါ့ Appa ကို ခူးခိုင်းစရာလား... "
Jimin က ရောက်လာကာ ပန်းလေးကို အလွယ်တကူ လှမ်းခူးပေးလိုက်တော့ Jiji လေးက ပျော်ရွှင်စွာ ခုန်ပေါက်ပြီး ထွက်သွားသည်...