လေညှင်းတို့က အရှိန်ပြင်းသည် မဟုတ်သော်လည်း ကမ်းခြေမို့ လေများက တော်တော် တိုက်ခတ်နေသည်.. လိုင်းများ တဝုန်းဝုန်းရိုက်ခတ်ရာ ကမ်းစပ်တွင်တော့ ကောင်လေးတစ်ယောက် ပင်လယ်ကြီးကို ငေးလျက် မတ်တပ်ရပ်နေသည်....
ဝတ်ထားသော အင်္ကျီအဖြူလွှလွှလေးက လေတိုက်တိုင်း လေနှင့်အတူ ဝဲပါနေသည်... အင်္ကျီအဖြူ ဘောင်းဘီအဖြူနှင့် ဝတ်ထားတဲ့ ထိုကောင်လေးက ကောင်းကင်ကနေ ပြုတ်ကျလာတဲ့ နတ်သားတစ်ပါးလို ချောမောလွန်းလှသည်...
Jung Kook ကမ်းခြေတစ်လျောက် အမောတစ်ကော ပြေးနေမိသည်... မျက်လုံးတို့ကလဲ တစ်စုံတစ်ခုကို ရှာဖွေနေလျက်...
ခနအကြာ ခုနက ကောင်လေးအနားကို သူရောက်သွားတော့ ခြေလှမ်းများက အရှိန်လျော့သွားသည်.... ပင်လယ်ဘက်ကို မျက်နှာမူနေတဲ့ ထိုကောင်လေးကို အနောက်ကနေ ခြေသံ ဖွဖွလေးနင်းကာ ခါးကို ဖက်လိုက်တော့ ထိုကောင်လေးက လန့်ပြီးထအော်လေသည်...
"Omma.... Ya Kookie လန့်တယ်"
"Hyung ကလဲ ဘာလို့ လျောက်သွားနေတာလဲ.. အင်္ကျီကလဲ ပါးပါးလေး ထူတာလေး ဝတ်မထားဘူး"
ပြောပြောဆိုဆိုနှင့် Jung Kook က သူ ဝတ်ထားတဲ့ Hoodie ကို ချွတ်ပေးလိုက်တော့ အောက်က အင်္ကျီကပါ မြောက်တက်သွားပြီး ဗိုက်သားတွေ ပေါ်သွားသည်..
Tae Hyung... Kookie ရဲ့ ခါးက ချုပ်ရိုးကို မြင်မိတော့ ဝမ်းသာသလို.. ဝမ်းနည်းသလို ခံစားချက်ကြီး ဖြစ်လာပြီး Kookie ကို ဖက်ထားလိုက်သည်...
"ah.. Hyung ရုတ်တစ်ရက်ကြီး ဘာဖြစ်တာလဲ"
"ချစ်လို့... Kookie ကို ချစ်လို့"
Tae Hyung စကားကြောင့် Jung Kook ပြုံးမိလိုက်သည်... ခွဲစိတ်ခန်းထွက်လာပြီးတည်းက အရင်ကထက် ပိုကလေးဆန်းလာသလို... သူ့ကိုလဲ ချွဲတတ်သေးသည်.. တစ်ခါတစ်လေဆိုလဲ ရုတ်တစ်ရက်ကြီး ချစ်တယ်ထထပြောတတ်သေးသည်...
လွန်ခဲ့တဲ့ ၃လလောက်က Hyung ဓားထိုးခံရချိန်... သူ့အရူးတစ်ယောက်လို ငိုနေမိသည်... ဆေးရုံရောက်တဲ့ထိ လက်ကို လွှတ်မပေးပဲ ဆွဲထားတာကြောင့် ခွဲခန်း ဝင်ခါနီး သူ့ကို Yoon Gi Hyung က အတင်းဆွဲထားရသည်