"ဒုန်း... အုန်း"
မနက်စောစော ဆူဆူညံညံအသံတွေကြောင့် Jimin အိပ်နေရာမှ လန့်နိုးလာသည်... ဘေးနားက သူ့ရဲ့လူကြီးကတော့ လည်ပင်းထအညှစ်ခံရရင်တောင် အိပ်နေရင်းပဲ အသက်ထွက်သွားမည့်ပုံ...
ဆူညံသံတွေက ရပ်မသွားပဲ ထပ်ထွက်လာနေသည်... အသံတွေက Tae Hyung တို့ အခန်းထဲက ဖြစ်သည်.. ဒီနှစ်ယောက် စောစောဆီးဆီး ဘာပြသနာတက်နေပြန်ပြီးလဲ မသိ...
ဘာတွေဖြစ်နေသလဲ သိရအောင် အိပ်ရာပေါ်က ထမယ်အလုပ် သူ့ခန္ဓာကိုယ်လေးက အနောက်ယိုင်ကျကာ ဘေးနားက အသေကောင်လို အိပ်နေတဲ့ လူကြီးရဲ့ ရင်ခွင်ထဲ အင့်ကနဲ ... ဒါမျိုးကြနိုးတယ်..
"ဖယ် Hyung ရဲ့ ဟိုနှစ်ယောက် ရန်ဖြစ်နေပြီလား မသိဘူး သွားကြည့်အုန်းမယ်"
သူရုန်းနေပေမယ့် သူ့ကို လွှတ်မပေးပဲ ဇွတ်အတင်းဖက်ထားသည်...
"ထားလိုက်ပါ Babeရဲ့ ခုလိုဖြစ်တာ တစ်ခါလဲ မဟုတ် နှစ်ခါလဲ မဟုတ် ပြီးရင် သူတို့ပြန်အဆင်ပြေလိမ့်မယ် အလွန်ဆုံး နာရီဝက်ပဲ"
"ဟိုမှာ အသံတွေက တစ်ခုခုနဲ့ပစ်ပေါက်နေတာ ထင်တယ်နော်.. တော်ရုံအော်တာတောင် အခန်းတွေက အပြင်က မကြားရဘူး ခုက အကုန်ကြားနေရတာ"
"ထားလိုက်ပါဆို babe ရာ ဆက်အိပ်ရအောင်ပါ "
"Hyung....... "
Jimin စကားတို့ အဆုံးမသတ်လိုက်ပါ.. Yoon Gi က ဖိကပ်နမ်းပစ်လိုက်သည်..
"နားအရမ်းငြီးတာပဲ Babe က"
"ဘာ... ဘာပြောတယ်"
Jimin က ပြောပြောဆိုဆိုနှင့် Yoon Gi ဗိုက်ကို ဆွဲလိမ်လိုက်သည်...
"အ.. အ.. နာတယ်.. လွှတ်.. လွှတ်ပါဆို"
Jimin က လွှတ်ပေးလိုက်တော့ ဗိုက်ကို ကိုင်ကာ တစ်ကျွတ်ကျွတ်နဲ့ အော်နေရှာသည်..
"အခုတော့ ကျွန်တော်က ပွစိပွစိဖြစ်ပြီပေါ့လေ.. အရင်ကကြ စကားမပြောရင် အသံမထွက်ရင် သူပဲ Babe စကားသံလေး မကြားရင် မနေနိုင်ပါဘူးဆို.. ခုကြ ကျွန်တော့်ကို ရိုးနေပြီပေါ့"
အခု ခြေနေက ဟိုဘက် အခန်းက ရန်ပွဲကနေ.. သူတို့ပါ ရန်ဖြစ်ရတော့မယ့်ကိန်းမို့ Yoon Gi မှာ ပျာသလဲလဲနှင့်ထကာ ရှင်းပြနေရသည်...