💦Chapter 6💦

2K 95 0
                                    

ရိပေါ် ချန်ရှောင်းကိုပစ်ထားခဲ့ပြီး ခြေလှမ်းတွေက မြတ်နိုးရတဲ့လူသားလေးဆီ..

ရိပေါ်ဆေးရုံရောက်သွားတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ကြောင်အဆဲ..

ရင်ထဲမှာလည်းပူလောင်စွာနဲ့ အော်ဟစ်နေပေမယ့် တကယ့်လက်တွေ့မှာ ထိုအသံတွေက စိုးစဉ်းမျှထွက်မလာခဲ့..

မြင်နေရတဲ့မြင်ကွင်းက သူ့ရင်ကိုအစိမ်းလိုက်ခွဲပြီး သူ့နှလုံးသားကို ဆွဲစုတ်နေသလိုပဲ..

နမ်းနေတယ်..

ဆေးရုံကြီးပေါ်မှာတောင်ဘယ်လိုဖြစ်နေကြတာလဲ ဒါ့ကြောင့်လား ကိုကို ..

မင်းငါ့ရင်ကိုခွဲခဲ့တာ ငါ့အချစ်တွေကိုစော်ကားခဲ့တာဒါအတွက်လား မင်းအရမ်းရက်စက်တယ်နော်..

ရူးသွားမတတ်ကိုခံစားရတယ်..

ငါအမြဲအမြတ်တနိုးကြည့်နေခဲ့ရတဲ့ မင်းရဲ့နှုတ်ခမ်းလေးကို သူများကိုစားသုံးစေလိုက်ပြီလား..

အဲ့ဒီသူကလဲ ယောက်ျားလေးတစ်ယောက်တဲ့လေ မင်းကမျက်နှာလိုက် လိုက်တာကိုကိုရာ..

မင်းကိုမုန်းတယ်ကိုကို..
ငါ့ကိုငါပိုမုန်းမိတယ်..

ဒီလောက်ပါပဲ ငါမင်းနားကိုထပ်မလာမိအောင်ကြိုးစားမယ်..

ဆေးရုံအခန်းလေးရှေ့မှာကျဆင်းသွားတဲ့မျက်ရည်တွေက မင်းအတွက်ငါ့ရဲ့နောက်ဆုံးပဲကိုကို..

.................

"ရှောင်းကျန့် မင်းပင်ပန်းနေပြီ''

"ငါ..ငါတောင်းပန်ပါတယ် ကျိုးဟိုင်''

"မလိုဘူး ရတယ် မင်းအပင်ပန်းမခံနဲ့ဦး''

"ငါ..ငါ''

"ငါ့ကိုရုတ်တရက်နမ်းလိုက်တာကြောင့်လား
ငါနားလည်ပါတယ် မင်းနားလိုက်ဦး''

မင်းလိုချင်တဲ့အချိန်ငါအနားမှာရှိပေးနိုင်ပါတယ် ရှောင်းကျန့် မင်းလိုသလိုသုံးနိုင်ပါတယ်
ငါ့အချစ်တွေကိုမင်းမမြင်လည်းငါအဆင်ပြေတာမို့..

အပြင်လူတစ်ယောက်အနေနဲ့ခံစားချက်တွေကိုငါနားလည်ပါတယ် မင်းအားနာနေဖို့မလိုဘူး..

MY EVERYTHING Where stories live. Discover now