ဘာလိုလိုနဲ့ ဒီကောင်လေးနဲ့တူတူရှိလာတာ
တစ်လပြည့်တော့မယ်။ဘာမှမလုပ်ပဲအိမ်မှာနေရတော့ပြင်းနေတယ်ထင်ပါ့။ဘာမှမလုပ်ပဲနေရတော့အားနာတာလည်းပါမှာပေါ့.."ကိုကို ကျွန်တော်အလုပ်လုပ်မယ်''
"ဝမ်လေးကဘာလုပ်တတ်လဲ''
"ကိုကိုဗျာ!''
နှုတ်ခမ်းလေးဆူပြီး စိတ်ဆိုးသွားပြီ။
ဟုတ်တယ်လေ သူဋ္ဌေးသားလေးကငြိမ်ငြိမ်လေးပဲထိုင်စားနေသင့်ပါတယ်.."ဒီက ကိုကိုကစတာကို ''
"ကျွန်တော်လုပ်တတ်တာတွေရှိပါတယ်ဗျ''
"စကိတ်စီးတာရယ် ဆိုင်ကယ်စီးတာရယ် ကတာရယ်မဟုတ်ရင်ပြော''
"အားးး ကျန့်အိုကြီး လွန်လာပြီနော်''
"စတာ စတာ..ဟားဟား''
"ကိုကိုနဲ့တူတူကော်ဖီဆိုင်မှာလုပ်ချင်တယ်''
"မဖြစ်ပါဘူး ကိုကို့ညီလေးက အိမ်မှာပဲနေပါ
ကိုကိုကပဲရှာကျွေးပါ့မယ် ဝမ်လေးအားနာနေမှန်းသိပါတယ် ကိုကိုကညီလေးတစ်ယောက်ကောက်ရလိုက်သလိုပဲမို့ ''"ကိုကို့ညီလေး..?''
ပြောပြီးမျက်နှာပျက်ယွင်းသွားတဲ့ကောင်လေး
အခန်းထဲတန်းဝင်သွားပြီး လူကိုလှည့်တောင်မကြည့်တော့ဘူးဘာဖြစ်သွားတာလဲမသိဘူး..အဲ့စိတ်ဆိုးသွားတဲ့မျက်နှာလေးက ရှောင့်ကျန့်ရင်ဘတ်တစ်နေရာကို လှုပ်ခတ်သွားစေတယ်..
ရှောင်းကျန့် ကိုယ့်ကိုကိုယ်အ့သြမိတယ်..
မြင်မြင်ချင်းဘယ်လိုသံယောစဉ်တွယ်မှန်းမသိတဲ့ဒီကောင်လေးကို ကိုယ့်ညီအရင်းလေးလိုစောင့်ရှောက်ထားချင်တာ..ကိုယ်ကတစ်ကောင်ကြွက်ဆိုတော့ ခုလိုချစ်ဖို့ကောင်းတဲ့ ညီလေးဖြစ်ဖြစ်ညီမလေးဖြစ်ဖြစ်အရမ်းလိုချင်ခဲ့တာ..
အေး..အဲ့မှာ ဒူနေလိုက်: ")
........
ကိုယ့်ရင်ခုန်သံကို ရိုးရိုးသားသားပဲထင်နေပြီး အတင်းတွေလိုက်ချစ်နေတဲ့ကောင်လေးရယ်..
မရိုးသားတဲ့ကိုယ့်ရင်ခုန်သံတွေသူကြားသွားပြီး မုန်းသွားမှာစိုးလို့ရှောင်ထွက်သွားတဲ့ကောင်လေးရယ်..