❄Chapter 1❄(Unicode)

1.4K 30 1
                                    

Unicode...

Xiao Zhan...

ကျွန်တော်ဒီနေ့ အလုပ်မှာအဆင်မပြေဘူး။
ပြန်ခါနီးမှ ဆိုင်မှာလာထိုင်တဲ့အတွဲတစ်တွဲကြောင့်။
သူတို့ချင်းအဆင်မပြေဘူးထင်ပါရဲ့ဗျာ။
ကောင်မလေးကစိတ်ကောက်နေတာ
ကောင်လေးကချော့တာကိုလက်မခံပဲ
ပြဿနာရှာပြီး ပန်းကန်တွေခွဲတယ်။
တော်တော်စွာတာပဲဒီကောင်မလေး။
အဲ့မှာ ကိုကဆိုင်ရဲ့ဝန်ထမ်းဆိုတော့
ဝင်ဖြေရှင်းရပြုရနဲ့ပေါ့ စိတ်ရှုပ်တယ်ဗျာ။

"ဟွန့် ချစ်သူကောင်မလေးထားရတာ
စိတ်ရှုပ်ဖို့ကောင်းလိုက်တာ ''

"ထားဖို့အစီစဉ်တောင်ပျောက်သွားပြီ''

"ဟာ...ဟေ့ဟေ့...ဟေ့လူ မလုပ်နဲ့''

"........''

"ဟိတ်လူ...ဟိတ်လူ ပြန်..ပြန်ဆင်းခဲ့ပါလား?''

"........''

"မလုပ်ကောင်းပါဘူးဗျာ ဆင်းခဲ့စမ်းပါ''

"........ ''

ကျွန်တော်ပြန်လာတဲ့လမ်းမှာ တံတားပေါ်ကို
ရောက်တော့ လူတစ်ယောက်က ခုန်ချပြီး
သူ့ကိုယ်သူသတ်သေဖို့ကြိုးစားနေတာ။
ကျွန်တော့်ထက်လဲ ငယ်မယ်ထင်တယ်။

ကျွန်တော်လဲ ဖြောင့်ဖျပေးချင်တာနဲ့ အောက်ပြန်
ဆွဲချလိုက်မိတယ်။ကျွန်တော်လိုတစ်ကောင်ကြွက်
ဘဝလောက်ခက်ခဲတာရှိဦးမလားဗျာ။

"ကောင်လေး မင်းနာမည်ဘယ်လိုခေါ်လဲ?''

"......''

"ဘာလို့ဒီလိုလုပ်ရတာလဲ?''

".........''

"မင်းမိဘတွေရော?''

"..........''

ကျွန်တော်မေးတာဘာမှမဖြေပဲလူကိုကြည့်ပဲ
ကြည့်နေတယ် ဒွတ်ခပဲ.ဒီကောင်လေးနဲ့။

"ကောင်လေး မင်းအိမ်ရော?''

"ကျွန်တော် ကိုကို့အိမ်လိုက်နေလို့ရလား?''

"????''

"ကိုကို့အိမ် လိုက်နေမယ်လေ ရလား?''

"ရ...ရပါတယ် ဒါပေမယ့် ငါ့အိမ်က အငှါး
တိုက်ခန်းလေးပဲနော် မင်းနေနိုင်ပါ့မလား?''

MY EVERYTHING Where stories live. Discover now