💫Chapter 8💫

1.7K 82 1
                                    

ဒီနေ့မိုးတွေအုံ့နေတယ်နော် ..
ရာသီဥတုကြီးကလဲမသာယာလိုက်တာ..
ကောင်းကင်ကြီးကလည်း သက်ဆိုင်သူတွေရဲ့ရင်ထဲကခံစားမှုတွေအတိုင်းပဲ ပြိုကျတော့မလိုလိုနဲ့..

"ရှောင်းကျန့် မင်းဟိုမှာ ဂရုစိုက်ပါ''

"အွန်း မင်းလဲကောင်းကောင်းနေရစ်ပါ''

*နေရစ်ပါ*တဲ့..
မင်းဘယ်လိုတောင်ပြောထွက်တာလဲကွာ
မင်းကိုတော့သေချာပေါက်လွမ်းနေတော့မှာပဲ
မင်းကျန်းကျန်းမာမာရှိနေရမယ် ဒါမှငါအဆင်ပြေမှာ ရှောင်းကျန့်ရ..

"ဟုတ်ပြီ ငါသွားတော့မယ်''

ရှောင်းကျန့် သွားရမှာစိတ်တွေလေးနေတယ်
ပြီးတော့ အရိပ်ကလေးတစ်ခုခုရှိနေတယ်ထင်မိလို့ လိုက်လည်းရှာနေမိတယ်..

*အဟား..ငါဝမ်လေးကိုရှာနေမိတာလား ငါသွားမယ်ဆိုတာလည်း သူမသိဘူးလေ ငါနဲ့သူကဘာမှမဆိုင်ဘူးလေ ရှောင်းကျန့်မင်းကြိုးစားပါ ဒါမှသူ့မိသားစုလေးပျော်ရွှင်ရလိမ့်မယ်*

ရှောင်းကျန့်ပြုံးရုံသာပြုံးရင်း စိတ်ထဲကတွေးနေမိတယ် မဆိုင်တော့တဲ့အရာကိုမေ့ပစ်လိုက်ပါတော့...

သူထွက်သွားတဲ့ကျောပြင်ကိုတစ်ချိန်လုံးငေးကြည့်နေခဲ့တဲ့ သူရှာနေတဲ့အရိပ်ကလေးက သူစိတ်ထင်တာမဟုတ်ပဲ တကယ်ရှိနေခဲ့တယ်ဆိုတာတော့ အရိပ်ကလေးနဲ့ Author ပဲသိတယ်ဆိုတာ ဘယ်သူမှမသိလိုက်ဘူး..

......................

ရိပေါ်အစအဆုံးမြင်လိုက်ရတယ် မထင်မှတ်ထားခဲ့ဘူး သူထွက်သွားမယ်ဆိုတာ..

နောက်ဆုံးသူ့အနားကထွက်သွားတော့မှာတောင် သူမသိခဲ့ရပဲ အဲ့ဒီတစ်ယောက်ပဲလား ထပ်ပြီး..

ကိုကိုမင်းလောက်ရက်စက်တဲ့သူကမ္ဘာပေါ်မှာရှိဦးမလားဆိုတာ ငါရှာကြည့်လိုက်ဦးမယ် အဟက်..

ရိပေါ်စိတ်ထဲကသာတင်းပြီး ပြောနေရတာ
မျက်ရည်တွေကတာကျိုးနေပြီ သူ့မျက်လုံးထဲမှာဘာမှ မမြင်တော့ဘူး..

သူ့ကိုထားပြီးထွက်သွားတဲ့ ကျောပြင်ကျယ်..

သူဘာလုပ်ရမှာလဲ နှလုံးသားကတကယ်အစိတ်စိတ်အမွှာမွှာ..

MY EVERYTHING Where stories live. Discover now