🐠Chapter 12🐠

1.5K 56 0
                                    

အဖြစ်အပျက်တွေအားလုံးပြီးလို့တစ်နှစ်ကျော်အကြာ ရိပေါ်ဟာ တည်ငြိမ်အေးဆေးလာတယ်။သူကိုကို့ကိုမေ့နိုင်သွားတာမဟုတ်ဘူး။ခံစားချက်တွေကို ထိန်းချုပ်နိုင်သွားတတယ်လို့ပြောရမှာပေါ့။ဒါပေမယ့် တစ်ချိန်က တိုက်ခန်းဟောင်းလေးဆီကိုတော့သွားမြဲ။

မနက်အစောပိုင်းဆို လူကြီးလူကောင်းဆန်ဆန် သတင်းစာလေးတွေဖတ်နေတတ်တဲ့ဝမ်ရိပေါ်။ကော်ဖီလေးသောက်ရင်း တွေးမိတွေးရာတွေးတတ်သေးတယ်။

ဒီလိုနဲ့သူ့ရဲ့စိတ်တွေကို တည်ငြိမ်အောင်ကြိုးစားခဲ့တာပေါ့။ဒါပေမယ့်ဒီနေ့မနက်ဖတ်လိုက်ရတဲ့ သတင်းခေါင်းစည်းက သူ့ဒေါသတွေကိုနှိုးဆွပေးလိုက်သလို။

ရိပေါ်ဖုန်းနံပါတ်တစ်ခုကိုခေါ်လိုက်ပြီး..

"အတွင်းရေးမှုးလီ..အခုချက်ချင်းအစည်းဝေး တစ်ခုလုပ်ဖို့ ပြင်ဆင်လိုက်ပါ..''

"ဒါပေမယ့် CEO ဒီနေ့အချိန်စာရင်းက ဧည့်သည်တစ်ယောက်နဲ့ သွားတွေ့ရမှာပါ..''

"အခုဖျက်လိုက်!''

"ကောင်းပါပြီ ပြင်ဆင်လိုက်ပါ့မယ်''

*မင်းပဲခိုးနိုင်မလား ငါပဲမင်းကိုဖမ်းမိမလားဆိုတာတော့ ကံကြမ္မာပဲသိလိမ့်မယ်*

"ဒီနေ့ရုတ်တရက်အစည်းအဝေးလုပ်လိုက်ရတာက ကျွန်တော်တို့ Group က ဒီဇိုင်းတွေ
ကို အခြားဘက်ကရသွားတာကိုအသိပေးချင်လို့ပါ''

"အဲ့ဒါတော့မဖြစ်ဘူးလေ..''

"ငါဒီမှာရှယ်ယာတွေအတော်ထည့်ထားတယ်လေ''

"အာ့ဆိုဘယ်လိုလုပ်ကြမလဲ?''

"ဒီ ဒီဇိုင်းတွေက ကျွန်တော်တို့ Group ကိုယ်ပိုင်ဆိုပေမယ့် အခု အခြား Group တစ်ခုက သူတို့ရဲ့ တံဆိပ်နဲ့ ပြောင်းသုံးနေတော့ ကျွန်တော်ပြောချင်တာက..''

"ဒါဆိုရင် ကျွန်တော်တို့ ဝင်ထားတဲ့ရှယ်ယာတွေဆုံးရှုံးနိုင်ချေရှိနေတယ်လို့ ဆိုလိုတာလား CEO ဝမ်..''

"ကျွန်တော် အတတ်နိုင်ဆုံးကြိုးစားနေတယ်
ခဏပဲအချိန်ပေးပါ..''

"မင်းကငယ်ရွယ်ပါတယ် အမြန်ဆုံးလုပ်ဆောင်သင့်တာပေါ့..''

"ကျွန်တော်က ဒီတိုင်းကြည့်နေလား ခင်များပြော..''

MY EVERYTHING Where stories live. Discover now