Intro(Unicode)

1.3K 19 0
                                    

ကျွန်တော်နာမည်က Xiao Zhan ❄
တစ်ကောင်ကြွက်၊မိဘမဲ့ တစ်ယောက်ပါပဲ။
ငယ်ငယ်ထဲက ဘဝကို တစ်ယောက်တည်း
ကြိုးစားရုန်းကန်ကြိုးစားလာခဲ့တာ။
အခက်အခဲတွေဆိုတာ ကျွန်တော်လိုလူအတွက်
ဒုနဲ့ဒေးပဲ။ဒါပေမယ့် ကျွန်တော်မှာ ဇွဲမလျှော့ပဲ
လိုချင်တာအတွက်ကြိုးစားချင်တဲ့ စိတ်ဓာတ်က
အမေမွေးကတည်းကပါလာခဲ့တယ်။

ကျွန်တော် Coffee ဆိုင်လေး တစ်ဆိုင်မှာ
အလုပ်လုပ်တယ်။
အလုပ်ကို စိတ်နှစ်ပြီးကြိုးစားတယ်။
ကျွန်တော့ပုံစံက လွတ်လပ်ပေါ့ပါးတဲ့
လူငယ်လေးပေါ့။

ကျွန်တော့်နာမည် Wang Yi Bo ❄
ချမ်းသာတဲ့မိသားစုအသိုင်းဝိုင်းကလာလို့
ကျွန်တော်က ပျော်ရွှင်တဲ့ကလေးတစ်ယောက်ပေါ့။
ကျွန်တော်ပိုင်တဲ့ ပျော်ရွှင်စရာ မိသားစုလေးထဲ
မုန်တိုင်းတွေဝင်မလာခင်အထိ။
အဲ့လိုတွေပြီးတဲ့အခါမှာ ကျွန်တော်က အရင်လို
ချစ်စရာကောင်းတဲ့ကောင်လေးတစ်ယောက်
မဟုတ်တော့သလို၊ရင်ထဲမှာ အငြိုးတရားတွေ
လက်စားချေချင်စိတ်တွေ ပြည့်နှက်နေတဲ့
ကောင်လေးတစ်ယောက်ဖြစ်လာတယ်။

ကျွန်တော်အခုဘာအလုပ်မှမလုပ်ပဲ
ပေါ့ပျက်ပျက်နေတယ်။ကျွန်တော့ဘဝထဲက
အမေ့ကိုဆုံးရှုံးစေပြီး အဖေ့ကိုကျွန်တော့်ဆီက
ဆွဲထုတ်သွားတဲ့ လူတွေကို လက်စားချေဖို့တော့
ကျွန်တော် အပြင်းအထန်ကြိုးစားနေတယ်။

~~~~

MY EVERYTHING Where stories live. Discover now